Paper Art Wall Decor

avatar

ဒီတစ်ခုကနံရံအလှဆင်လေးပါ။ပုံစံတူပန်းပွင့်လေးပွင့်၊အခြားပန်းပွင့်တစ်ပွင့်အရွက်လေးများဖြင့်လှပစွာပုံဖော်ထားပါတယ်။ကတ်ထူ၊ရောင်စုံစက္ကူ၊ကတ်ကြေး၊ကော်၊ခဲတံ၊ပေတံတို့ကိုအသုံးပြု၍ပြုလုပ်ထားပါတယ်။ပြုလုပ်နည်းအဆင့်ဆင့်ကိုပုံများဖြင့်ဖော်ပြထားသလိုစာရေး၍လည်းပြောပြထားပါတယ်။ပထမအဆင့်မှာပန်းပွင့်လေးပွင့်ပြုလုပ်ပါတယ်။ရောင်စုံစက္ကူကိုအရွယ်တူစက်ဝိုင်းပုံရောင်စုံလေးတွေညှပ်ပြီး၊အလယ်မှတစ်ဝက်တိတိခေါက်ချိုးထားပါတယ်။ထိုစက္ကူခေါက်များကိုပုံပြထားတဲ့အတိုင်းညီညာစွာစီ၍ပန်းပွင့်ပုံဖော်ပါတယ်။ကော်ကပ်ပြီးဆက်၍ရပါတယ်။ဒီမှာတော့အဖြူရောင်စက္ကူပါနေလို့ကော်မကပ်တော့ပဲ၊ကလစ်ညှပ်လိုက်ပါတယ်။အခြားပန်းပွင့်တစ်ပွင့်ကိုလည်းပုံဆွဲ၍ညှပ်လိုက်ပါတယ်။သစ်ရွက်လေးတွေလည်းညှပ်ပြီး၊ကတ်ထူကိုစက်ဝိုင်းပုံဖြတ်၍အဖြူရောင်စာရွက်ကော်ကပ်ပါတယ်။ပန်းပွင့်သုံးပွင့်ကိုကော်ကပ်ပြီး၊အဖြူရောင်စက္ကူအပိုင်းတစ်ခုဖြတ်၍ပန်းပွင့်တစ်ပွင့်ထပ်မံကော်ကပ်ပါတယ်။အခြားပန်းပွင့်နဲ့အရွက်များကိုလည်းအဖြူရောင်စက်ဝိုင်းပုံကတ်ထူပေါ်ကော်ကပ်ပြီး၊လှပတဲ့နံရံအလှဆင်တစ်ခုပြုလုပ်ထားပါတယ်။

img_0.7704387242628187.jpg

img_0.6615543458972475.jpg

img_0.5713337729836298.jpg

img_0.5601241855822265.jpg
Written by @asterkame
By my photos & made by me



0
0
0.000
6 comments
avatar

ညီမ အိမ်ကတော့ အဆင်တန်ဆာ အနုပညာလက်ရာတွေနဲ့ လှနေပါပဲနော်

0
0
0.000
avatar

ဟုတ်ကဲ့....စက္ကူအလှဆင်လေးတွေပြုလုပ်ပြီးရင်နံရံတွေမှာကပ်ထားလိုက်ပါတယ်....

0
0
0.000
avatar

Home Interior decoration အတွက်စိတ်တိုင်းကျ ကိုယ်တိုင်လုပ်ရုံပဲပေါ့

0
0
0.000
avatar

စက္ကူအလှဆင်လေးတွေရှိနေတော့စားပွဲ၊နံရံတွေမှာအလှထားလိုက်ပါတယ်....

0
0
0.000