Home Stay (Chapter 269)

avatar

FB_IMG_1599214068459.jpg

တက်နေတဲ့ BTC က ပြန်တော့ ဆင်းပြီ ဖြစ်၏။ ဝုန်းခနဲ ဒိုင်းခနဲ မဟုတ်ပေမယ့် ခပ်မြန်မြန် တက်ခဲ့သည့် btc က ပြန်ကျလျှင်ကော မည်သို့ နေမည်နည်း။ စိတ်ဝင်စားဖို့တော့ ကောင်း၏။ အမှန်တော့ btc တးက်တက် ကျကျ ကျနော့်အတွက်တော့ သိပ်မထူးပေ။ ကိုယ့် လက်ထဲ btc မှ မရှိဘဲကိုး။ ထို့ပြင် လက်ထဲရှိနေသည့် coin ကလည်း btc နှင့် လားလားမှ မဆိုင်နေဘူးကိုး။ btc တက်တော့လည်း သူတို့ မတက် btc ကျတော့လည်း သူတို့ မကျ (မကျဟုသာ ပြောထားရတာ။ တက်စျေးမှာ မတက်ဘဲ ကျစျေးမှာ ကျနေမှဖြင့်)

Hive နှင့် Steem က အတော်လေးကို တည်ငြိမ်စွာ နေနိုင်လွန်း အားကြီးလှ၏။ ရေခဲတုံးတွေ အေးတိအေးစက် နေနိုင် ချက်ကတော့ သြချရလောက်၏။ ကျနော့် အတွက်တော့ btc စျေးထက် hive နှင့် steem စျေးက ပို အရေးကြီး၏။ steem စျေးတောင် နည်းနည်း အလှုပ်ပြ သေးပေမယ့် hive စျေးကတော့ ငြိမ်လွန်းလှ၏။ တက်ရိပ်လည်း မမြင် ကျရိပ်လည်း မရှိပေ။ ဟင်... အဲ့တာကောင်းဘူးလား ဆိုတော့ မတက်မကျ အဲ့လိုကြီး နေနေမှတော့ ဘယ်က ဘယ်လို ကောင်းမည်နည်း။ စျေးတန်း တခုမှာ ရှိပြီး ငြိမ်နေရင် ပိုမကောင်းဘူးလား။

IMG_20210112_155655.jpg

ခုက ပြားဂဏန်းနဲ့ ငြိမ်နေချိန်က ကြာလွန်း၏။ hive platform စတော့ hive စျေးက မဆိုးဟု ပြောလို့ရ၏။ 0.3$ လောက်လား ရှိ၏။ ထိုစျေးမှသည် ဆက်မတက်တော့ဘဲ ကျလာလိုက်တာ 0.12$ ပတ်ချာလည်လောက်မှာပဲ တဝဲလည်လည် ဖြစ်နေတော့၏။ btc တက်တာတောင် ကိုယ်ရွှေ hive က မတက်။ စိတ်ကောက်နေတော် မူလေရဲ့။

သာမန် အချိန်ဆိုလျှင်တော့ စျေး မတက်လည်း ပြဿနာ မရှိပေမယ့် ခုချိန်မျိုးမှာကြ စျေးတက်လျှင် ပိုကောင်းသည် မဟုတ်လား။ နည်းနည်း ကြပ်တည်း သည့် ကာလဆိုတော့ hive စျေးလေး အတင့်အသင့် ရှိနေရင် နည်းနည်းတော့ အသက်ရှူ ချောင်သည် မဟုတ်လား။ ခုတော့...

Don Jaun



0
0
0.000
1 comments
avatar

ဟား ပေါ်တာ ကစ်နေပြီပေါ့

0
0
0.000