ဖိုးသက်

avatar

ကျနော့်မှာ
အဖေနဲ့ အတူ
လုပ်ဖူးတာ ဘာမှ မရှိ

အဖေက ကျနော့်ကို ချစ်တယ်
ကျနော်လည်း အဖေ့ကို ချစ်တယ်

ဒါပေမယ့်
ဘာမှ မတိုင်ပင် ဖြစ်ခဲ့
အဖေ့ အလုပ် အကြောင်း
ကျနော် ဉာဏ် မမှီတောင်

ကျနော့် လူငယ်ဘဝ အတွက်
အဖေ့မှာ တစွန်းတစတော့
ပြောစရာ၊ ပြောဖို့ ရှိခဲ့မယ် ထင်ပါ့
ဒါပေမယ့် မပြော ဖြစ် မဆို ဖြစ်ခဲ့

အဖေက ကျနော့်ကို ဖိုးသက်လို့ ခေါ်လေ့ရှိ
ဒါပေမယ့် ဒါက
နိစ္စဓူဝ အာလုတ် စကားသက်သက်

ထို စကားလုံးကို
မချစ် မနှစ်သက်လို့ မဟုတ်
တအိမ်လုံးမှာ ကျနော့်ကို
ဖိုးသက်ဟု ခေါ်တာ
အဖေ တယောက်သာ ရှိ

အဖေနဲ့ ကျနော့်မှာ
ပြစရာ ဆိုလို့
နင်းပေး နှိပ်ပေးတမ်း
(ကျနော်က ဦးဆောင်သူ)
စားစရာ ဝယ်ပေးတမ်း
(ဒါကတော့ အပြန်အလှန်)
ရေချိုးပေး တမ်း
(ဒီနေရာမှာတော့ ကျနော် နိုင်မယ်။ မိသားစု အတွက် စီးပွားရှာနေခဲ့ရသူ အဖို့ သားသမီး နဲ့ အနီးကပ် မနေနိုင်ခဲ့။ အဖေ ကျနော်တို့ကို တာ့တာ မလုပ်ခင် ကာလ အတော်များ ကျနော်ကသာ ရေချိုးပေးခဲ့။ နောက်ဆုံးနေ့အထိ ရေချိုးပေးခဲ့ရ။)

နိုင်ပေမယ့် အရသာ မရှိဘူး အဖေရယ် ...

မြေပဲဆံကြော်တိုင်း
အဖေ့ကို သတိရတယ်
တခါတလေတော့လည်း
မြေပဲဆံကြော် ကြောင့်
အဖေနဲ့ ရန်ဖြစ်ချင်သားရယ်

ပြန်ရှာကြည့်တော့
အဖေနဲ့ ကျနော့်မှာ
ကတောက်ကဆက နည်းသား

အဖေ အစော ထွက်သွား တာလည်း
တမျိုး တော့ ကောင်းသား
ငဗစ်နဲ့ ငစစ်ကို အဖေ မကြုံရတော့ဘူးပေါ့

တခုပဲ
ဒီကာလ
တခါတလေ
ရှားရှားပါးပါး
ကျနော့် အိမ်ပြန် နောက်ကျ ချိန်တွေမှာတော့
အရင်လို အမေနဲ့ အဖေ
နှစ်ယောက် စိတ် မပူရပဲ
အမေ တယောက်ထဲ စိတ် ပူနေရပေါ့

(Facebook မှာ တင်ထားတဲ့ ဟာလေးပါပဲဗျ။ ရေးထားပြီးသား ပိုစ့်တွေ ရှိပေမယ့် ဒါလေး နှစ်နေရာလုံးမှာ တင်ထားပါရစေ)



0
0
0.000
3 comments
avatar

အတူတူပါပဲအကိုရာ မိဘနဲ့အနေဝေးခဲ့ရသူ လည်းဖြစ် အဖေဆုံးခဲ့တာလည်း ကြာပြီမို့ အဖေ့ကို သတိရတယ်

0
0
0.000
avatar

ကိုယ်တွေလည်း အခု အဖေ့အိမ်ဝင်းမှာ နေရတော့ တခါတရံ သတိရမိတယ်။
!PIZZA

0
0
0.000