ပူ (ဇတ်သိမ်း)
MIUI 10 က အတော်လေး balance ဖြစ်၏။ performance ပိုင်းကော battery maintenance ပိုင်းကော ပြောစရာ မလိုပေ။ နောက်ပိုင်း MIUI 11 တို့ 12 တို့က performance ပိုင်း ကောင်းပေမယ့် battery အကုန် မြန်၏။ MIUI 10 မှာလောက် battery မခံတော့ပေ။ MIUI 12 ကို ခဏ သုံးကြည့်ပြီးနောက် Custom rom တွေသာ လှည့်ပတ်ပြီး သုံးခဲ့၏။ ထိုအကြောင်းကိုလည်း ယခင် ပိုစ့်တွေမှာတုန်းက ရေးဖူးခဲ့၏။
ကျနော်က Android software and hardware developer တဦးတော့ မဟုတ်ပေ။ ဒီအတိုင်း ဝါသနာရှင် တယောက်သာ ဖြစ်၏။ မိမိ ကိုင်သည့် phone ကို မိမိကိုယ်တိုင် ကလိရတာကို ပျော်သူ ဖြစ်၏။ မလုပ်တတ်သေးခင် phone service လုပ်သည့် သူငယ်ချင်းတွေကို မေးပြီး သိသွားသည်နှင့် ကိုယ့်ကို ကလိတော့၏။ hardware ပိုင်းကို မသိပေမယ့် software ပိုင်းကတော့ အထိုက်အလျောက် တီးမိခေါက်မိပါ၏။
လက်ရှိ သုံးနေသည့် Custom rom က သုံးလို့ ကောင်းပါ၏။ Normal use မှာ သိပ်မသိသာပေမယ့် ဂိမ်းကစားသည့် အချိန်ဆို phone က ပူပူလာ၏။ နှစ်ပွဲ လောက် ကစားပြီးသည်နှင့် အပူက တဖြည်းဖြည်း သိသာလာ၏။ ထိုသို့ ပူလာသဖြင့် lag ခြင်း ping ကျခြင်းတို့ ဖြစ်လာ၏။ ဂိမ်းဆော့ ရတာ အဆင်မပြေတော့ပေ။ သတိထားမိသလောက် ယခင်က ထိုမျှလောက်ကြီးတော့ မပူပေ။ ခုမှ ဘယ်လို ဖြစ်နေသည် မသိ။
ကြာလာလို့ပဲ battery ပိုင်းမှာ အနည်းငယ် အဆင် မပြေလေသလော။ ဒါမှမဟုတ် အခြား custom rom တခုခုပဲ ပြောင်းတင်ကြည့်ရမည်လား မသိပေ။ Android 12 ပဲဆိုလျှင်တော့ အခြား custom rom မတင်၊ မပြောင်းချင်ပေ။ လောလောဆယ် သုံးနေသည့် rom ကို ပိုပြီး သဘောတွေ့နေသောကြောင့် ဖြစ်၏။ လက်ရှိ custom rom ကိုမှ တရက်သားက update တင်ပေးထားတာကို တွေ့၏။ Android 13 တော့ မဟုတ် သေးပေ။ Android 12 နဲ့ 13 ကြားလေး version ဖြစ်၏။
တင်သင့် မတင်သင့်တွေးနေ၏။ comments တွေ အရတော့ သိပ်ပြီး မထူးနေသေးသလိုပဲ။ နောက် version update သို့မဟုတ် Android 13 ရမှပဲ တင်လျှင် ကောင်းမလားပေါ့။ Mi cc9 အနေဖြင့် officially Android 13 တော့ မရနိုင်တော့ပေ။ Custom rom တွေသာ ရှာ၊ စောင့်ရပေလိမ့်မည်။ လောလောဆယ် ပူပူနေသည့် ကိစ္စကိုတော့ မည်သို့ ဖြေရှင်း ရမယ် မသိသေးပေ။
fan ဝယ်ရအောင် ကလည်း fan စျေးတွေက လေး ငါးသောင်းလောက် ရှိနေတော့ စဥ်းစား နေရပြန်၏။ phone အသစ် ထပ်ဝယ်ဖို့ ကြပြန်တော့လည်း ပိုက်ဆံက ပြားချပ်နေ၏။ ပြောကောင်း ပြောကောင်း Hive စျေးလေးသာ တက်လာခဲ့လျှင်တော့....
!PIZZA
PIZZA Holders sent $PIZZA tips in this post's comments:
uthantzin tipped donjaun (x1)
donjaun tipped callmemaungthan (x1)
@donjaun(2/5) tipped @uthantzin (x1)
walarhein tipped donjaun (x1)
Join us in Discord!
Hive စျေးလေး 10 $ လောက်ဖြစ်ရင်ပဲ အတော်ဟန်ကျပါပြီဗျာ
ဟုတ်ပ
!PIZZA
Hive စျေးက တက်တော့မှာပါ...ခဏပဲစောင့်...!PIZZA !LOLZ
lolztoken.com
He had skeletons in his closet.
Credit: marshmellowman
@donjaun, I sent you an $LOLZ on behalf of @uthantzin
Release your inner Rock Star with Rising Star! The best #play2earn game on Hive! Play for Free!
(3/8)
တက်စေချင်နေပြီ
!PIZZA
Yay! 🤗
Your content has been boosted with Ecency Points, by @donjaun.
Use Ecency daily to boost your growth on platform!
Support Ecency
Vote for new Proposal
Delegate HP and earn more