Farm Crabs လယ်ပုဇွန်လုံးတွေနဲ့ ဆက်စပ်လို့

မင်္ဂလာပါ။

ဒီနေ့ ကိုယ်တွေ နေတဲ့ အိမ်က မိတ်ဆွေတစ်ယောက်က လယ်ပုဇွန်လုံးတွေ ကောက်ဖမ်းလာခဲ့ပါတယ်။
ကိုယ်တွေ ငယ်ငယ်ကတော့ အခုလို ပုဇွန်လုံးတွေ တစ်ကောင်စ နှစ်ကောင်စ ပဲ ဖမ်းဖူးတာပါ။

လယ်ပုဇွန်လုံးတွေမှာ ကျွန်တော် ကြုက်တာက လက်မကြီးတွေကိုပါ။
များသောအားဖြင့် ပုဇွန်လက်မတွေကို ပြုတ်စားခဲ့ဖူးပါတယ်။
ပုဇွန်လက်မထဲမှာ အသားချောင်းလေးတွေ ဟင်းချိုမှုန့်အချောင်းလေးတွေလို ပုံစံလေးနဲ့ ချိုပါတယ်။

လယ်ပုဇွန်လုံးတွေ၏ ရင်အုပ်ကို ချက်စား၊ ကြော်စားလို့ ကောင်းပါတယ်။
ငယ်ငယ်က ရွာမှာတော့ လယ်ပုဇွန်ကို ချဉ်ရည်ဟင်းထဲ ထည့်ချက်စားတာ များပါတယ်။
ပုဇွန်ခေါင်းဖုံးအခွံမာထဲက အဆီတွေကို စုပြီး ပုဇွန်ဆီကိုလည်း ချက်စားတတ်ကြပါတယ်။

ကဲ ခု ရလာတဲ့ လယ်ပုဇွန်တွေကို ဘယ်လို ချက်ပြုတ်စားရရင် ကောင်းမလဲ။
မိတ်ဆွေတို့ရော လယ်ပုဇွန် ကြိုက်သလား။
သူနဲ့တူတဲ့ ဂဏန်း ပဲ ကြိုက်တာလား။

@golden.future



0
0
0.000
19 comments
avatar
(Edited)

PIZZA! PIZZA! PIZZA! PIZZA!

PIZZA Holders sent $PIZZA tips in this post's comments:
callmemaungthan tipped golden.future (x1)
walarhein tipped golden.future (x1)
tin.aung.soe tipped golden.future (x1)
@kachinhenry(4/15) tipped @golden.future (x1)

You can now send $PIZZA tips in Discord via tip.cc!

0
0
0.000
avatar

မန်ကျည်းသီး ငရုတ်သီး​လေးနဲ့ အချဥ်စပ်စပ်​လေး ချက်စားလည်း ​ကောင်းပါတယ်
!LUV
!LOLZ

0
0
0.000
avatar

လူမိုက်အားပေးမလုပ်ပါ 😂

0
0
0.000
avatar

ဟဲ အရှင်တွေ မသတ်ရက်တာနဲ့ ကိုယ်တိုင် ချက်မစားဖြစ်

0
0
0.000
avatar

ပုစွန်ဆီကို မန်းကျီးသီးစိမ်းလေးတွေနဲ့ ချက်စားရင် လွတ်‌ေကာင်းဆိုပဲ။
!LOL

0
0
0.000
avatar

ကျွန်တော့ ကိုယ်တွေ့ကတော့ လယ်ပုစွန်လုံး က ဟင်း အဖြစ်ချက်စားတာထက်စာရင် သူ့ရဲ့ အချိုဓာတ်ကိုယူပြီး ချဉ်ရည်ဟင်း ချက်တာ အကောင်းဆုံးပဲ။ !PIZZA

0
0
0.000
avatar

ဟုတ်မယ်
ငယ်ငယ်က ရွာမှာ ချဉ်ရည်ထဲပဲ အစားရများတာကို။

0
0
0.000
avatar

လှော်စားရင် မွှေးနေရော !lol !pizza !luv

0
0
0.000