ကိုယ့်အတွေးနဲ့ ကိုယ်။

avatar

img_0.7621092795142147.jpg

စိမ်းလန်း ငြိမ်ချမ်းစေဖို့ သစ်ပင်စိုက်ကြပါစို့။
မိုးရာသီမှာ သစ်ပင်များစိုက်ပျိုးလို့ အကောင်းဆုံးပါ။
မိုးရွာပြီပါက ပျိုးပင်ပေါက်လေးများကို မြေမှာ
ချစိုက်၍အကောင်းဆုံးချိန်ဖြစ်သည်။ ဒါက
ကိုယ်တွေ့ သစ်ပင်စိုက်ခြင်းမှ ရရှိခဲ့သည်။
သစ်ပင် စိုက်ခြင်း၊ ပျိုးပင်စိုက်ခြင်းများကို
6လမှ 9လအတွင်းစိုက်ပျိုးနိုင်သည်ဟု မှတ်သား
ဖူးသည်။

ကျွန်တော်တို့မိသားစု အဖေ့ခြံဝင်းသို့ ပြောင်းလာ
သည်က မတ်လဖြစ်သည်။ မတ်လ၊ ဧပြီ မေလများက
ပူလိုက်သည်မှာ ပြောဖွယ်မရှိ။ အိမ်အနောက်ဖက်မှာ
သစ်ပင်မရှိ၍ ကျနေ အပူက ပူလိုက်သည်ဖြစ်ခြင်း။
ထိုကြောင့် မေလမှာ အိမ်အနောက်ဖက် ခြံစည်းရိုး
အနီးမှာ အပင်များစိုက်သည်။ ဗာဒံပင်၊ မယ်ဇယ်ပင်
များကို အရိပ်ရရန် ကမန်းကတန်းစိုက်သည်။

img_0.5406281186687125

အပင်များက မရှင်ကြပါ။ ရေလောင်း၍
စိုက်ပါသော်လည်း ညှိုး၍ သေသွားသည်။
အဘယ်ကြောင့်ဆိုသော် မြေဆီလွှာမှာ
အအေးဓာတ်မရှိသောကြောင့်ဖြစ်သည်။
မိုးတပြိုက်နှစ်ပြိုက်လောက်ရွာပြီးမှ မြေဆီလွှာ
အအေးဓာတ်လုံလောက်စွာရပြီမှသာ
စိုက်ပျိုးပါက အပင်ရှင်ဖို့ ရာခိုင်နှုန်းများသည်။

ယခုအချိန် သစ်ပင်စိုက်ပါက စိုက်၍ အကောင်းဆုံး
အချိန်ဖြစ်သည်။ ကိုယ်သစ်ပင်စိုက်ပြီး၍ မိုးရွာချ
ပါက ထိုသစ်ပင်မှာ အပင်ရှင်သန်ဖို့ တရာ ရာခိုင်နှုန်း
ဖြစ်သည်။ ယနေ့ အိမ်ရှေ့မှာ ရေတမာပင်များ
လာရောက်စိုက်ပျိုးသွားသည်။ မည်သည့်
အဖွဲ့အစည်းဖြစ်သည်မသိပါ။ စည်ပင်သာယာ
ကတော့ ဟုတ်ဟန်မတူပါ။

img_0.8025526647977944

သစ်ပင်စိုက်အဖွဲ့က ကျွန်တော်အိမ် အနောက်ဖက်
တရုတ်တိုက်ရှေ့သို့ အပင်များစိုက်သည်။
ထိုအခါ တရုတ်လင်မယားက ထွက်လာပြီး
အိမ်နှင့် အဝေးမှာ စိုက်ပေးရန်ပြောသည်။
အပင်များကြီးလာပါက တိုက်နှင့် နီးကပ်မည်ကို
စိုးပါကြောင်းပြောသည်။ သူတို့စိုးရိမ်မည်ကလည်း
ဟုတ်ပေမည်။ သူတို့ကတိုက်ကို လုံခြုံစွာ ကာရံထားသည်။
ထိုသစ်ပင်များ ကြီးလာပါက
သစ်ပင်မှတွယ်၍ သူတို့အိမ်အတွင်း ဝင်ရောက်မည်ကို
စိုးရိမ်သောကြောင့်လားမသိပါ။ အင်း
ကိုယ်အတွေးနဲ့ ကိုယ်ပေါ့လေ။

@htwegyi
5-7-2022



0
0
0.000
9 comments
avatar

တချို့ရှိ​သေးတယ် နှစ်ရှည်ပင်​တွေကို တ​တောင်​လာက်ပဲခွာပြီး စိုက်တာ
!LOLZ

0
0
0.000
avatar

အဲ နှစ်ရှည်ပင် ကို တတောင်ခွာစိုက်တော့ အပင်တွေ ပူးကုတ်သာပ။

0
0
0.000