ကျွန်တော်နှင့် လွယ်အိတ်

avatar
(Edited)

image

ကျွန်တော်တို့ခင်ဗျားတို့ ပတ်ဝန်းကျင်မှာ
မကြာခဏ ကြားရသည်စကားရှိသည်။

"ရှေ့ကသွားချင်သွား၊ နောက်ကလိုက်ချင်လိုက်
ဘေးကနေကန့်လန့်မတိုက်နဲ့"

ဆိုတဲ့စကား ကြားဘူးကြပေမည်။
ဒီစကားရဲ့ အဓိပ္ပါယ်ကို အရွယ်ရောက်သူတိုင်း
သိရှိပေမည်။ အလုပ်တစ်ခုလုပ်သည့်အခါ ရှေ့
ကနေ ဦးစီးဦးဆောင်ခြင်းလည်းမပြု၊
အနောက်ကနေပြီး နောက်လိုက်ငယ်သား
လည်းမပြု၊ ဘေးမှနေ၍ ကန့်လန့်တိုက်သူကို
ပြောဆို ရည်ညွှန်းသော စကားဖြစ်သည်။

ဒီလိုလူကို လွယ်အိတ်လို လူမျိုးလို့အမည်ပေးရမလား။ လွယ်အိတ်လို့တော့ အမည်မပေးချင်ဘူးဗျ။
လွယ်အိတ်ဆိုသည်မှာ ကျွန်တော်တို့ ငယ်စဉ်တောင်ကျေးကလေးဘဝ မူလတန်း
အရွယ်မှ လူပျို၊ အပျိုပေါက် တက္ကသိုလ်ကျောင်းသားအရွယ်ထိ ကိုယ့်ရဲ့ဘေးမှာ
အမြဲအတူရှိခဲ့သည့် အရာလေးဖြစ်သည်။

FB_IMG_1592627159222.jpg

လွယ်အိတ်အကြောင်း ရေးသားရမည်ဆိုပါလျှင်
မူလတန်းကျောင်းမှ တက္ကသိုလ်ကျောင်းသား
ဘဝအထိ ကျွန်တော်မှာ ကိုယ်ပိုင်လွယ်အိတ်
မရှိခဲ့ပါ။ မူလတန်းမှ ၇တန်း ၈တန်းအထိ
အစ်ကို အစ်မများ၏ အကျ ကချင်လွယ်အိတ်
ကလေးဖြင့် ကျောင်းတက်ခဲ့ရသည်။
ဟိုးအရင် ကချင်လွယ်အိတ်လေးများသည်
ခိုင်ခံ့ပြီး အရည်အသွေးကောင်းမွန်သည်။
ဖွတ်လျှော်သုံးလေး နူးညံ့ပြီးအရောင်ထွက်
လေဖြစ်သည်။

၇တန်း ၈တန်းမှ ၁၀တန်အထိ ထိုခေတ်က
ကျော်သူလွယ်အိတ်ခေတ်စားခဲ့သည်။ ထို
ကျော်သူလွယ်အိတ်၏ ကြိုးကို ထုံးချည်ကာ
ရုပ်ရှင်မင်းသားကျော်သူ လွယ်သည့် စတိုင်
အတိုင်း အတုခိုးလွယ်ခဲ့ကြသည်။
အနှီးကျော်သူလွယ်အိတ်ကိုလည်း
အစ်ကိုအစ်မများ အသုံးပြုပြီးသားကို
ကျွန်တော်ဆက်လက် အသုံးပြုခဲ့သည်။

တက္ကသိုလ်ကျောင်းတော်သားကြီးဖြစ်လာတော့လည်း
ကျွန်တော်သည် အစဉ်အလာမပြတ် အစ်ကိုအစ်မများ၏ ကျောင်းလွယ်အိတ်ကို ဆက်လက်လွယ်
ခဲ့ပြန်ပါသည်။ ထိုအချိန်မှာတော့ ဆီလွန်လွယ်အိတ်လေးများက ခေတ်စားခဲ့သည်။ ဖြူနီပြာဝါ
အရောင်အသွေးစုံ ဆီလွန်လွယ်အိတ်လေးများ
ကလည်း ချစ်စရာကောင်းခဲ့ပါသည်။

20200620_105827.jpg

ယခုခေတ်အခါမှာတော့ ကျောင်းနေ
ကလေးငယ်တို့သည် ကံကောင်းခဲ့ပါသည်။
တစ်နှစ်တစ်ခါ ကျောင်းလွယ်အိတ်များကို
မရိုးအောင် ဆင်မြန်းကြရသည်။ လွယ်အိတ်အစား ကျောပိုးအိတ်များ နေရာယူလာသည်။
မိဘများကလည်း မိမိတို့၏ သားသမီးများကို အများနည်းတူ မျက်နာမငယ်ရစေရန်
ကြိုးစားရှာဖွေ ဆင်မြန်းပေးကြသည်။
ခေတ်တို့သည် ပြောင်းလဲခဲ့သည်။
စနစ်တို့သည် ပြောင်းလဲလာသည်။
ကောင်းသည့်ဘက်သို့
ဦးတည်ပါစေတော့ဟုသာ......။

@htwegyi



0
0
0.000
4 comments
avatar

ခုခေတ် ကလေးတွေ ကံကောင်းကြတယ်ဗျာ..
အရာရာတိုးတက်နေတာ။

0
0
0.000
avatar

ဟုတ်ပ မိဘများကလည်း တတ် တတ်နိုင်သလို အလိုလိုက်ကြတာပ။

0
0
0.000
avatar

တစ်ခါတလေ လွယ်အိတ်ပေါက်က ခဲတံတွေ ခဲဖျက်တွေ ထွက်ကျနေခဲ့သေးဗျာ 😁

0
0
0.000
avatar

ဟုတ်သဗျို့ ကြက်ပေါင်ကွင်းနဲ့ စုချည်ရသေးတယ် အဖြစ်က။

0
0
0.000