လွမ်းစာ

avatar
(Edited)

img_0.7621092795142147.jpg

ရာသီစာလေးတွေနဲ့ ဝေးခဲ့သည်မှာ တနှစ်ကျော်
ခဲ့ပေပြီ။ ရာသီစာ ဆိုသည်က အထက်ပိုင်း
အရပ်က ရာသီစာများဖြစ်သည်။ အညာသား
တွေက အထက်ပိုင်းအစားအစာကို သတိရတယ်
ဆိုတော့ နည်းနည်းထူးဆန်းသည်။ ကိုယ်တွေက
မန္တလေးဇာတိ၊ အမေ အဖေက မုံရွာအရှေ့
ဝါးတန်းရွာ ဇာတိဖြစ်သည်။

အထက်ပိုင်းနဲ့ ဆန့်ကျင့်ဖက်အရပ်က အစာကို
သတိရနေသည်ဆိုတော့ ပြောပြပါမည်။
လွန်ခဲ့သော အနှစ် နှစ်ဆယ်ကျော်က
အထက်ပိုင်း ဝန်းသို၊ ကောလင်းအရပ်မှ
လမ်းဗိုလ်လေး မိသားစုက ကျွန်တော်တို့
အိမ်နှင့် ကပ်လျှက် အခန်းသို့ ပြောင်းလာ
သည်။

ထိုအိမ်ခန်းများက 78လမ်း၊ 27/28လမ်းကြား
ရှိ မီးရထားအိမ်ရာများဖြစ်သည်။ ထိုလွန်ခဲ့သော
နှစ်နှစ်ဆယ်ကျော်က မြစ်ကြီးနားသို့ ကားလမ်းများ
မပေါက်သေးပါ။ ရထားလမ်းကိုသာ အဓိက အားထား
သွားလာရသည်။ ဆိုတော့ ထိုဝန်းသိုသား
လမ်းဗိုလ်လေးနေအိမ်သို့ ဝန်းသိုသူ/သားများက
ဈေးရောင်းဈေးဝယ်လာကြသည်။ အိမ်မှာ
တည နှစ်ည အိပ်၍ ဈေးချိုမှာ ဈေးဝယ်ပြီး
ရထားစီး၍ ပြန်ကြသည်။

20220810_163018.jpg

လမ်းဗိုလ်ဆိုသည်က နယ်တနယ်မှာ အနည်းဆုံး
နှစ်နှစ်မှ လေးနှစ်ထိ နေကြရသည်။ ထိုလမ်းဗိုလ်
ပြောင်းသွားသည့်အခါ ဝန်းသိုဈေးဝယ်သူများက
ကျွန်တော်တို့အိမ်သို့ ဆက်လက် တည်းခိုကြသည်။
တဖြည်းဖြည်းနှင့် ခင်မင်ရင်းနှီးလာကြသည်။
သူရို့က မန္တလေး ဈေးဝယ်လာသည့်အခါ
ဒေသထွက် မျှစ်၊ အင်ဥ၊ ဒညင်းသီး၊ ပိန္နဲသီး၊
ဆူးပုတ်ကြီး၊ ခေါပုတ်၊ ပေါင်းသင်းချောင်း၊
ငါးချဉ်နှင့် မှိုချဉ် ဒေသထွက်များကို လက်ဆောင်ယူလာသည်။

သူရို့ ယူလာကာစက အချို့ကိုမစားတတ်သေးပါ။
နောက်ပိုင်း မည်သို့ မည်ပုံစားရကြောင်း
ချက်ပြ ပြောပြသည့်အခါ အထက်ပိုင်း
အစာများကို ကြိုက်နှစ်သက်ခဲ့သည်။
ယခုတော့ ထိုအစာများနှင့်ဝေးကွာသည်မှာ
ကြာချေသည်။ တနေ့က လူကြုံဖြင့်
မျှစ်မီးဖုတ်နှင့် မှိုချဉ်ပေးလိုက်၍ မြို့ထဲ
သွားယူရသည်။ မစားရတာကြတော့
စားရင်း လွမ်းရင်းနဲ့ စားရတာ ကောင်းသဗျို့။

@htwegyi
11-8-2022



0
0
0.000
8 comments
avatar

မျစ်အချဥ်စိမ်တာမျိုးတော့ ကြိုက်တယ်ဗျို့ !LOLZ !MEME

0
0
0.000
avatar

မျှစ်ချဉ် ကြိုက်သပ။

0
0
0.000
avatar

မျှစ်ချဉ်ဆို သိပ်ကြိုက်တာ။
!PGM
!LOLZ
!PIZZA

0
0
0.000
avatar

တူတူပ ဝက်သား၊ ငါးခေါင်းနဲ့ ရေချိုလေးချက်စား
မိုးအေးအေးနဲ့ ဂွတ်။

0
0
0.000