ငရဲ ကြီးလိမ့်မယ်

avatar

img_0.7621092795142147.jpg

"ဘာတွေလဲ ကွာ"

"ဘာတွေ တုန်းဟ"

"ဘာတွေ ဖြစ်ကုန်တာလဲ"

အဲ့သလိုမျိုး ပြောရင် အမေပြောမည့်စကားက။

"ငရဲကြီးလိမ့်မယ် မပြောနဲ သူတို့အပြစ်နဲ့
သူတို့ ခံရလိမ့်မယ်"

Facebook ပေါ်တက်လာသည့် သီသီနှင့်
ဘုန်းဘုန်း အကြောင်းက သိပ်ပြီး အဆင်မပြေလှပါ။
ယခုလို ခေတ်ကာလကြီးမှာ နိုင်ငံရေး
လှည့်ကွက်ဟု ပြောပါရင်လည်း အဆင်မပြေလှပါ။
လူတွေ နိုင်ငံရေးမှ အဆိုပါအရေးသို့ ရောက်ရှိ
သွားအောင် ကြံဆောင်သည်ဟု ပြောပါက
အဆင်မပြေဘူးဟု၍သာ ပြောချင်ပါသည်။

ကျွန်တော်တို့ကို Steemit and Hive မှာ
နိုင်ငံရေး၊ ဘာသာရေး ကို ထိခိုက်မည့်
အရေးအသားများ မရေးရန် ဆိုထားပါ
သော်လည်း ရေးမိရပြန်ပါသည်။ ခေတ်၊
စနစ်၊ ကာလကြီးက မရေးရ မနေနိုင်အောင်
တွန်းပို့နေတာကိုးဗျ။ ရေးရအုံးမယ်ဗျာ
ကိုယ့်ပေါင် ကိုယ်လှန်ထောင်ရသလိုပါ။

img_0.14120213087212657.jpg

ဘာတဲ့ သီသီက ဘုန်းဘုန်းရဲ့မွေးနေ့ကို
ဘတ်ဒေးပရယ်ဆန့် ဝက်ဝံရုပ်ကြီးပေးသတဲ့။
လိုင်းပေါ်မှာ ပြန့်နေတာ။ ဓာတ်ပုံတွေနဲ့
ဝေဝေဆာဆာ၊ မြိုင်မြိုင် ဆိုင်ဆိုင်
အံမယ် သီ့အပြုံးလေးတောင်ပါသေး ။
သာသနာကို သာသနာအတွင်းကပဲ ဖျက်
ပါသည်တဲ့ စ နေပါပြီလား။

ကျွန်တော် ဖတ်ခဲ့ဖူးသည့် သိန်းဖေမြင့်၏
တက်ခေတ်ဘုန်းကြီး စာအုပ်ထဲက အတိုင်း၊
ထိုထက်ဆိုးများနေမလား မြတ်စွာဘုရား
ကယ်တော်မူပါ ဆိုရအောင် ကလည်း။

"ခေတ်ကြီးက မကောင်းပါဘူးဗျာ"

ပြောရအောင်ကလည်း ခေတ် ဆိုတာက
သူဟာသူနေသည်။ မကောင်းတာက
လူတွေပါပဲ။

ဟိုး ငယ်စဉ်အချိန်များက အောက်ပြည်
အောက်ရွာ မော်လမြိုင်မှ စ၍ အောက်အရပ်များမှာ
ဘုန်းကြီးတွေက ကားမောင်းနေတာတဲ့။
ထိုသို့ ပြောစကားများကြားရင် စိတ်မကောင်း
ဖြစ်ရသည်။ ကြားခဲ့စဉ်က အင်း တို့များ
သာသနာကြီးက တို့မန္တလေးမြို့ကြီးမှာတော့
ထွန်းလင်းတောက်ပ နေသေး၍
တော်သေးဟု ဖြစ်ခဲ့ရသည်။

spprqst6ts.jpg

ယခုတော့ တို့များ မန္တလေးမြို့တော်ကြီးမှာပင်
ရဟန်းသံဃာ အချို့က ကားကို ကိုယ်တိုင်
မောင်းနေကြလေသည်။ မြင်ရ တွေ့ရ
အဆင်မပြေလှပါ။ အဲ့သလိုများ ပြောပါရင်
အမေက။

"ငရဲကြီးလိမ့်မယ် မပြောနဲ သူတို့အပြစ်နဲ့
သူတို့ ခံရလိမ့်မယ်"

ကလေးငယ်အတွေးဖြင့် ပြောရပါရင်

"အမေ သူရို့ အပြစ်က ဘယ်တော့များမှ
ခံရမှာပါလိမ့်" ဟူ၍သာ။

@htwegyi
26-1-2022



0
0
0.000
19 comments
avatar

သူတို့အပစ် သူတို့ခံလိမ့်မယ် ဆိုတာကြီးကိုက လွဲနေတာ။
အပစ်ပေးနိုင်သူရှိမှ ဖြစ်မှာပါလေ ဟဲဟဲ
!LOL

0
0
0.000
avatar

ဟုတ်တယ်ဗျာ အပြစ်ပေးနိုင်မည့် တခုခုပါလေ။

0
0
0.000
avatar

ပြောရမှာကို ရှက်မိပါတော့တယ်ဗျာ
!PIZZA

0
0
0.000
avatar

အဲ့ဒါပြောထာ ကိုယ့်ပေါင် ကိုယ်လှန်ထောင်း ဆိုသလို။

0
0
0.000
avatar

ကြားဖူးတာ​လေးပါ ဘ​ထွေး​ရေ ကတုံး​တွေရှုပ်ရင် ရှင်းရခက်ဆိုလား

0
0
0.000
avatar

ရှင်းစရာမရှိတဲ့ဟာက ရှုပ်နေတာ ဆိုတော့ကား

0
0
0.000
avatar

အမှန်ကတော့လေ အမှန်ပဲပေါ့ဗျာ 😁

0
0
0.000
avatar

ဟုတ်တယ် အဲ့သည့် အမှန်ပဲ

0
0
0.000
avatar

အမှန်တရားဆိုပင်မဲ့

0
0
0.000
avatar

ဆိုပေမင့် ဆိုပေမင့်

0
0
0.000
avatar

အခုဆို နောက်ထပ်ကိုယ်တော်တစ်ပါးကတောင် တွေ့ရသေးဗျာ။ ကပ်ပရှင်ကလဲ စားတယ်။ ဘာတဲ့ "သကြားက ချိုတယ်ပြောနေလို့ ကိုယ်အပြုံးလေးပြပြီး ငြင်းခဲ့ရသေး" ဆိုလား။ ဘုန်းဘုန်းရယ် အံ့ဩမိပါတယ်။

0
0
0.000
avatar

အံမယ် အပြုံးက ကြွေချင်စရာကြီး ဆိုသလို နှုတ်ခမ်းနီ များ
ဆိုးထားသလားဟ။

0
0
0.000
avatar

ဒီမနက် fb မှာ အဲ့ဒီပိုစ် screenshot ယူပြီးပြန်တင်ထားတာတွေ့မိတယ်။

0
0
0.000
avatar

မြန်မာပြည်ကြီး ကိုက ငရဲကြီးနေတာ ဦးထွေးရေ.... အခြား နိုင်ငံသားတွေက ပြောကြလိမ့်မယ်... မြန်မာပြည် မသွားနဲ့ ငရဲ ကြီးလိမ့်မယ်...!PIZZA

0
0
0.000
avatar

ဟုတ်တယ်ဗျာ ငရဲကြီးနေသော မြန်မာပြည်ကြီးပါပဲ။

0
0
0.000