Hive Platform ၏ အကောင်းဆုံး အချိန် ( Henry Aung )

avatar

111

မင်္ဂလာပါ။ ယနေ့ကတော့ ဘာရယ်မဟုတ် မိမိ Airdrop ရထားသည့် အထဲမှ အမြတ်ထုတ်ယူရန်အတွက် DUAT 1000 ထုတ်ရောင်း လိုက်ပါသည်။ စုစုပေါင်း DUAT 1000 ရောင်းရငွေမှာ 15 Hive ဖြစ်ပါသည်။ နှောင်ခါလာ နှောင်ခါဈေး လောလောဆယ်တော့ အမြတ်ရသွားပြီဖြစ်ပါသည်။

Ragnarok ဂိမ်း အတွက် NFT ယူရန် DUAT Airdrop ရထားပြီး ဖြစ်သလို SPK အတွက်လည်း LARYNX အချို့ Airdrop ရထားပြီး ဖြစ်ပါသည်။ LARYNX လည်း ဈေးအနည်းငယ် ထပ်တက်လာလျင် 1000 ခန့် ရောင်းချပြီး အမြတ်ယူထားအုံးမည်ဟု စဉ်းစားထားပါသည်။

သို့သော် ယခု အမြှင့်ဆုံးပေးထားသည့်ဈေးက 0.013 Hive ဆိုတော့ သိပ်တော့ သဘောမကျသေးပါ။ 0.015 လောက်ဆိုလျင် 1000 ခန့် ထုတ်ရောင်းမည်ဟု စဉ်းစားထားပါသည်။ SPK ရရန် LARYNX ဖြင့် Mining လုပ်ရမည် ဆိုတော့ မည်သို့ မည်ပုံ လုပ်ရမည်ကလည်း မသိသေးပါ။

မိမိအနေဖြင့် SPK token ကလည်း လိုချင်နေပါသေးသည်။ Hive Platform ကလည်း လောလောဆယ်တွင် အတော်လေး ငြိမ်နေပါသေးသည်။ PSYBER X နှင့် Ragnarok ဂိမ်းတို့ ထွက်လာမည့် August / September လောက်တွင်တော့ အချိုးအကွေ့တခု ဖြစ်လာမည်ဟု ထင်ပါသည်။

လောလောဆယ်အနေဖြင့် Cryptocurrency အကျပိုင်းသို့ ရောက်နေပြီ ဖြစ်ရာ နောက်တကြိမ် ပြန်တက်သည့် အချိန် စောင့်ကြရအုံးမည် ဖြစ်ပါသည်။ Cryptocurrency ကိုင်ထားသူတို့ ဘဝများကလည်း လူ့ဘဝ များကဲ့သို့သာ။ နိမ့်လိုက် တက်လိုက်ဖြင့်။

မည်သို့ပင် ဆိုစေ တက်သည့် အခါလည်း တက်သည့် အလျောက် နိမ့်သည့် အခါလည်း နိမ့်သည့် အလျောက် ဆက်လျှောက်နေရအုံးမည်သာ ဖြစ်ပါသည်။ ယမန်နေ့က ကျွန်တော် ဖေါ်ပြပေးခဲ့ ပြီး ဖြစ်သည့် အတိုင်း စိတ်ဓာတ်ကျလာလျင် ငါ့မှာ Hive Wallet လေး ရှိပါသေးတယ်ဟူ ၍ တနည်းအား တက်စရာဖြစ်နိုင်ပါသေးသည်။ Hive ဈေးများ 10$ လောက် ရောက်လိုက်လျင်ဖြင့်ဟူ၍ စိတ်ကူးယဉ် နိုင်ပါသေးသည်။

ယခု Hive ဈေးကျနေပြီ ဖြစ်ပါသည်။ ပုံမှန် အနေဖြင့် ဆိုရလျင် Hive ၏ တန်ဖိုးသည် 1$ ဝန်းကျင်တွင် ရှိနေရမည့် token ဖြစ်ပါသည်။ လက်ထဲတွင် ငွေယား ရှိလျင် လက်ရှိ အချိန်တွင် အလွန်ပင် ဝယ်၍ ကောင်းသော အချိန်အခါ ဖြစ်ပါသည်။

သို့သော် ကျွန်တော်တို့မှာ ထမင်း နပ်မှန် အောင်ပင် မနည်း ကြိုးစားရသည့် အနေအထား ဆိုတော့ Cryptocurrency အတွက် အသုံးပြုရန် ငွေပို မရှိနိုင်သေးပါ။ သို့သော် တနေ့နေ့ တွင်တော့ ( ဘယ်နေ့မှန်း မသိသေးပါ ) ကျွန်တော်တို့ Hive Platform ဖြင့် အဆင်ပြေလာပါလိမ့်မည်။

Hive 3$ အထိ ရောက်ခဲ့သည့် အချိန်သည် Hive ၏ အကောင်းဆုံးချိန် မဟုတ်သေးပါ။ ၂ နှစ်သား ကျော်ကျော်သာ ရှိသေးသော Hive Platform သည် သူ၏ အကောင်းဆုံး ချိန် မဟုတ်သေးပါ။

Hive Platform ၏ အကောင်း ဆုံး အချိန် ( လူအများ Hive Platform အား လိုလိုချင်ချင် အသုံးပြုကြမည့် အချိန် ) တွင် Hive ဈေးသည်လည် သူနှင့် သင့်တော်သော ဈေး တခုတွင် ရှိနေပါလိမ့်မည်။ သေချာသည်ကတော့ $1 အထက်တွင်သာ ဖြစ်ပါလိမ့်မည်။

Henry Aung ( Kachin )

17/06/2022 - Friday - 18;09 Pm



0
0
0.000
18 comments
avatar

မျှော်လင့်နေရတာပါပဲဗျာ။
!PIZZA

0
0
0.000
avatar

အကောင်းဆုံးဖြစ်လာပါလိမ့်မယ်...!PIZZA

0
0
0.000
avatar
(Edited)

PIZZA! PIZZA! PIZZA! PIZZA! PIZZA! PIZZA! PIZZA! PIZZA! PIZZA!

PIZZA Holders sent $PIZZA tips in this post's comments:
kachinhenry tipped htwegyi (x1)
kachinhenry tipped suhlaing (x1)
kachinhenry tipped tin.aung.soe (x1)
tin.aung.soe tipped kachinhenry (x1)
princekham tipped kachinhenry (x1)
@kachinhenry(6/15) tipped @uthantzin (x1)
kachinhenry tipped walarhein (x1)
walarhein tipped kachinhenry (x1)
kachinhenry tipped princekham (x1)

Join us in Discord!

0
0
0.000
avatar

များများရထားသူက ရောင်းစား။
ကိုယ်တွေတော့ နည်းလို့ ထပ်ဝယ်ထားရတယ်။
!PIZZA

0
0
0.000
avatar

ဘာရယ်မဟုတ် ... DLUX အကြောင်းလေး စမ်းချင်လို့။!PIZZA

0
0
0.000
avatar

​စျေးကျလည်း ကြည့်​နေရုံပ ကိုဟင်
!PGM

0
0
0.000
avatar

Sent 0.1 PGM - 0.1 LVL- 1 STARBITS - 0.05 DEC - 15 SBT tokens to @kachinhenry

remaining commands 1

BUY AND STAKE THE PGM TO SEND A LOT OF TOKENS!

The tokens that the command sends are: 0.1 PGM-0.1 LVL-2.5 BUDS-0.01 MOTA-0.05 DEC-15 SBT-1 STARBITS-[0.00000001 BTC (SWAP.BTC) only if you have 2500 PGM in stake or more ]

5000 PGM IN STAKE = 2x rewards!

image.png
Discord image.png

Support the curation account @ pgm-curator with a delegation 10 HP - 50 HP - 100 HP - 500 HP - 1000 HP

Get potential votes from @ pgm-curator by paying in PGM, here is a guide

I'm a bot, if you want a hand ask @ zottone444


0
0
0.000
avatar

ဈေးကျပြီးရင် ပြန်တက်လာပါလိမ့်မယ်။ !PIZZA

0
0
0.000
avatar

အချိန်ကောင်းလေး အမြန်ပြန်ရောက်ပါစေ။
!PIZZA

0
0
0.000
avatar

ရောက်စေချင်လှပါပြီ။ !PIZZA

0
0
0.000
avatar

မျှော်နေပါမည် ဟိုက်ဈေး ဆယ်ဒေါ်လာဆီ
အက်လယ်။
!LOL

0
0
0.000
avatar

ကျွန်တော်လည်း မျှော်နေတယ်ဗျို့.... ခက်တာက Hive ကလည်း ကလိတိတိ ရိတိတိနဲ့။!PIZZA

0
0
0.000
avatar

ကျွန်တော်ကတော့ (၂) လ ပိုင်းလောက်က HIVE စျေး 0.8 နဲ့ ၁၀သိန်းဖိုးလောက် ဝယ်စုထားတာ အခုတော့ ထိုင်ကြည့်ယုံပဲ ရှိတော့တယ်...စျေးတက်တဲ့အခါများမှပဲ....!LOLZ !MEME

0
0
0.000
avatar

I watched a documentary on Marijuana last night…
…that’s probably how I’ll watch all documentaries from now on.

Credit: reddit
@kachinhenry, I sent you an $LOLZ on behalf of @uthantzin
Use the !LOL or !LOLZ command to share a joke and an $LOLZ
(2/6)

0
0
0.000
avatar

ဝိုး.... အဲဒါဆိုရင်တော့ 1.5$ လောက်ရောင်း မှ အဆင်ပြေပါလိမ့်မယ်။!PIZZA

0
0
0.000
avatar

Congratulations @kachinhenry! You have completed the following achievement on the Hive blockchain and have been rewarded with new badge(s):

You distributed more than 27000 upvotes.
Your next target is to reach 28000 upvotes.

You can view your badges on your board and compare yourself to others in the Ranking
If you no longer want to receive notifications, reply to this comment with the word STOP

Check out the last post from @hivebuzz:

Our Hive Power Delegations to the June PUM Winners
Feedback from the July 1st Hive Power Up Day
0
0
0.000