မိမိကိုယ်တိုင်သာလျင် ( Henry Aung )

avatar

111.jpeg

မင်္ဂလာပါ။ BTC ဈေးကျ သွားခြင်းနှင့်အတူ ကျွန်တော်တို့ ၏ Hive သည်လည်း လိုက်ပါ ကျဆင်းသွားခဲ့ ရကာ ယခု $1.3 ဝန်းကျင်တွင် ကြံ့ကြံ့ခံ ကြိုးစား ထိန်းနေရသည်ကို တွေ့နေရပါသည်။ Hive ဈေးကျခြင်း ဈေးတက်ခြင်းသည် အကြောင်းမဟုတ်ပါ။ ဈေးကျ ခြင်းသည် နောက်တခေါက် ဈေးတက်ရန် အတွက် ဖြစ်သလို နောက်တခေါက် ဈေးတက်ခြင်းသည်လည်း ဈေးကျရန် အတွက် ဖြစ်ပါသည်။

ဤသို့ ဈေးတက်ခြင်း ဈေးကျခြင်းမှာ ဈေးကွက် ရှင်သန်နေခြင်း၏ သဘောတရားဖြစ်ပါသည်။ ထို့ အတူ Hive အနေဖြင့်ကလည်း ဈေးတက်လာလျင် Reward များမည် ဖြစ်သလို ဈေးကျလာလျင် Reward များနည်းလာမည် သာ ဖြစ်ပါသည်။

လက်ရှိ အချိန်တွင် Hive Platform ပေါ်သို့ လူသစ်များ ဝင်ရောက်လာနေဆဲ ဖြစ်ရာ ကျွန်တော့ အနေဖြင့် အတတ်နိုင်ဆုံး Vote ပေး၍ လက်တွဲခေါ်လျက်ရှိပါသည်။ အားလုံးအား မျှမျှ တတ ဖြစ်စေရန် တွဲခေါ်နေရသည့် အတွက် တခါတရံ ကျွန်တော့ Voting Power နည်းသွား၍ Vote မရခဲ့လျင် တောင်းပန်ပါသည်။

ကျွန်တော့ အနေဖြင့် အတိတ်အား ကြည့်ကာ ဝမ်းနည်း မနေတတ်သလို အနာဂါတ်အတွက်လည်း ကြိုတင် စိတ်ဓါတ်ကျ နေခြင်း မရှိပါ။ မိမိယုံကြည်ရာ အတိုင်း တစိုက်မတ်မတ်လျှောက်လှမ်းနေလျက်သာ ဖြစ်ပါသည်။ အနာဂါတ်အတွက်ရင်းနှီးမြုပ်နှံရာတွင် ရေတိုအား ကြည့်၍ မဖြစ်ပါ။ ၁ နှစ် ၃ နှစ် ၅ နှစ်တန်သည် စောင့်ကြည့်ရမြဲ ဖြစ်ပါသည်။

တစုံတယောက်မှ ကျွန်တော့ အား နင့် Hive Platform က အောင်မြင်မှာ သေချာလို့လားဟု မေးလာလျင် ကျွန်တော်လည်း အောင်မြင်ပါမည် ဟု အတပ်မပြောနိုင်ပါ။ ခန့်မှန်ခြေအနေဖြင့်သာ အောင်မြင်ခြင်း ကျရှုံးခြင်းကို ပြောနိုင်လိမ့်မည် ဖြစ်ပါသည်။ ခန့်မှန်းခြေဟု ဆိုရာတွင် ဤ platform မည်သို့ လုပ်ဆောင်နေသည် ၊ မည်မျှ တိုးတက်လာသည် ၊ မည်မျှ ပြောင်းလည်း လာသည် တို့ကိုသာ ကြည့်၍ ပြောရခြင်း ဖြစ်ပါသည်။

ထို့အတူ ကျဆုံးခြင်း သည်လည်း အထက်ပါ အကြောင်းအရာ များအား ကြည့်၍ သာ ပြောနိုင်ပါသည်။ ကျွန်တော် ဤ Platform အား (Steemit ကာလ) အခြားသူများအား မိတ်ဆက်ပေးစဉ်က ကျွန်တော့ အား ရူးနေသူဟု အထင်ခံခဲ့ရဘူးပါသည်။

မှန်ပါသည်။ စာရေးဆရာ မဟုတ်သူများအား စာရေး၍ မည်သူက ပိုက်ဆံပေးမည်နည်း။ သို့သော် ထိုအရူး၏ အရူးထခြင်းကြောင့် အလှူ အတန်း ကြီးကြီးမားမား မဟုတ်တောင် လှူဒါန်းသင့်သည့် နေရာ လှူဒါန်းနိုင်ခဲ့ပါသည်။ ကျွန်တော့ အနေဖြင့်လည်း အကျိုးအမြတ် အတော်များများ ထုတ်ယူနိုင်ခဲ့ပါသည်။

အောင်မြင် ခဲ့ချိန်တွင် ငါကွ ဟူ၍ လက်မထောင်နေခြင်း မရှိသလို ကျဆုံးနေချိန်တွင်လည်း ကုန်ပါပြီကွာဟူ၍ စိတ်ဓါတ်ကျ အားငယ်နေခြင်း မရှိပါ။ မိမိလုပ်မှ မိမိရမည် ဖြစ်သောကြောင့် လုပ်သင့် လုပ်ထိုက်သည်တို့အား သာ လုပ်ဆောင်နေမြဲ ဖြစ်ပါသည်။ အကယ်၍ Hive Platform လုံးဝ မအောင်မြင်ပဲ ကျရှုံးသွားလျင် အဘယ်သို့ လုပ်မည်နည်း ။

ဟုတ်ကဲ့ ထို အရှုံးအား လက်ခံရန် အသင့်ရှိပါသည်။ အရှုံးအား လက်ခံခြင်းမှာ ရှက်စရာ မဟုတ်ပါ။ ထို့ အတူ ကျွန်တော့ Hive Power လေးဖြင့် ဆုံး ရှုံးမှုအား ကြေကွဲ နေရလျင် Hive Power ထောင် သောင်း သိန်း ကိုင်ထားကြသူတို့ ကျွန်တော့ထက်ပို၍ စိတ်ပူ ဖွယ်ရာ ရှိပါသည်။

ဤ Hive Platform က ယခင် Steemit နှင့် မတူသည့် အကြောင်းအရာမှာ ယခင် Steemit က လစာပေးထားသော Project Team များက ကိုင်တွယ်လုပ်ဆောင်သည် ယခု Hive ကတော့ Community များ အားလုံး စုပေါင်း၍ လုပ်ဆောင်နေကြခြင်း ဖြစ်ပါသည်။. Hive Community တခုလုံးက သူတို့၏ ဂုဏ်သိက္ခာ ဖြင့် ဤ Platform အား ကိုင်တွယ် မောင်းနှင့်နေကြခြင်း ဖြစ်ပါသည်။

ဆိုခဲ့သည့် အတိုင်း Hive Platform ကျရှုံးသွားလျင် အရှုံးအား လက်ခံယုံသာ ရှိ၍ အကယ်၍ အောင်မြင် ပေါက်မြောက်ခဲ့သည် ရှိသော်။ Hive Platform အောင်မြင်လာသော အချိန်တွင် သူများ ရ ၍ ကိုယ်မရ နိုင်သော အခြေအနေက ကျွန်တော့အား ပို၍ ဝမ်းနည်းစေမည် ဖြစ်ပါသည်။

ကုန်လွန်ခဲ့သော အချိန်များ အတွက် ငါလုပ်နိုင်ရဲ့သား ဖြင့် မလုပ်ခဲ့လေခြင်း ဟူသော အတွေးနောင်တအား ကျွန်တော် မခံစားနိုင်ပါ။ ယုံကြည် ခြင်း သည် တယောက်နှင့် တယောက် မတူနိုင်ပါ။ ထို့ အတူ အားထုတ်သည့် အရာတွင်လည်း မတူနိုင်ပါ။ အချိန် ။ အချိန်သည် အားလုံး၏ အချုပ်ဖြစ်ပါသည်။ အချိန်တခုရောက်လျင် အဖြေသိလာပါလိမ့်မည်။

ထို အဖြေသိလာရသော အချိန်သည် တော်ကြာ ၊ ခဏ ၊ တလ ၊ တနှစ် ဟူသော ကာလအပိုင်းအခြား ရှိပါလိမ့်မည်။ မိမိယုံကြည်ရာ အတွက် အသက်ပင် အဆုံးခံဝံ့သော သူတို့ရှိနေချိန်တွင် မိမိယုံကြည်ချက် အတွက် အားထုတ်ခြင်းသည် အချီးအနှီးတော့ မဖြစ်တန်ရာ။ Hive Community သည် Hive Community အလုပ်လုပ်ပါလိမ့်မည် ။ ထို့ အတူ Henry Aung သည် လည်း Henry Aung အလုပ်လုပ်နေယုံသာ ရှိပါသည်။

Henry Aung ( Kachin )

16/01/2022 - Sunday - 17;51 Pm



0
0
0.000
31 comments
avatar

ပျက်ခြင်းသည် မြဲ၏ မပျက်မစီးတည်ရှိခြင်းကားမမြဲ ထို့ကြောင့်ပိက်မှာတော့ သေချာပါ၏ သို့သော် ဘယ်အချိန် ဘယ်ကာလ ပျက်မည်ကိုမူ မသိနိင်ပါ ထ ဘုန်းကြီးလေသံများပေါက်သွားလားမသိ 😁 မည်သို့ပင်ဆိုစေကာမူပေါ့ ဆာဟင်ရယ် လုပ်စရာရှိတာ လုပ်နိုင်တာကို လုပ်နေရမှာပေါ့လေ 😔

0
0
0.000
avatar

အမှန်ပါပဲ... ပျက်ချိန်တန်တော့လည်း ပျက်ပါလိမ့်မယ်... မပျက်သေးခင်ကြိုးစား ထားကြတာပေါ့။ !PIZZA

0
0
0.000
avatar

ယုံကြည်ရာသို့ လျှောက်လှမ်းနေရပါတယ်

အောင်မြင်မယ်/မအောင်မြင်ဘူးဆိုတာထက် လုပ်သင့်တာကို ဆက်လုပ်ကြရအောင်ပါ

0
0
0.000
avatar

အမှန်ပဲ.... အရှုံးမရှိတဲ့ အလုပ်မို့... ဆက်လုပ်နေရအုံးမှာပါပဲ။

0
0
0.000
avatar

ဟုတ်တာပေါ့ အကိုရေ

0
0
0.000
avatar

အနည်းဆုံး​တော့ ​စာ​တွေမှန်မှန်​ရေးနိုင်တာပါဘဲ ကိုဟင် တခြားမ​တွေးထား​တော့ပါဘူး

0
0
0.000
avatar

အဲတာ အမြတ်ပဲလေ... Hive ပျက်သွားရင်တောင် နောက် Platform တခု ပေါ်လာပါလိမ့်မယ်။

0
0
0.000
avatar

ဒါက တလောတုန်းက ထွေးကြီးပိုစ်မှာ မေးထားသလို ကျ‌ေနာ်သိချင်နေတဲ့အဖြေပဲ။ အောင်မြင်သွားရင် ပျော်ရသလို ကျရှုံးသွားလည်း ဝမ်းမနည်းတော့ပါဘူး။ hive platform မှာ ကိုယ်ပြောချင်တဲ့၊ ကိုယ်ရေးချင်တဲ့ အကြောင်းတွေ ရေးရ၊ ပြောရတယ်။ စာပေမိတ်ဆွေတွေလည်း တွေ့ရတယ်။ ဒါအမြတ်ပဲ။

0
0
0.000
avatar

Hive Platform ဟာ Community Base မို့ ပျက်စရာ အကြောင်းတော့ မမြင်သေးပါဘူး။ ဒါပေသိ ဖြစ်ချိန်တန်ရင် ဖြစ် ပျက်ချိန်တန်ရင် တော့ ပျက်ရမှာပါပဲ။ မပျက်ခင် စပ်ကြား အသုံးပြုနေရတာ အမြတ်ပေါ့။

0
0
0.000
avatar

အောင်မြင်ချိန်မှာ ပျော်မှာပါ ကျရှုံးချိန်မှာ ဝမ်းနည်းတာ
သဘာဝပါလေ။
!PIZZA
!LOL

0
0
0.000
avatar

အမြဲတယ် ပျော်နေချင်တာရယ်...😁😁

0
0
0.000
avatar
(Edited)

PIZZA! PIZZA! PIZZA! PIZZA! PIZZA! PIZZA! PIZZA! PIZZA! PIZZA! PIZZA! PIZZA!

PIZZA Holders sent $PIZZA tips in this post's comments:
kachinhenry tipped ansoe (x1)
nyimwa tipped kachinhenry (x1)
naythan tipped kachinhenry (x1)
kachinhenry tipped nyinyiwin (x1)
myothuzar tipped kachinhenry (x1)
kachinhenry tipped nyimwa (x1)
uthantzin tipped kachinhenry (x1)
kachinhenry tipped myothuzar (x1)
htwegyi tipped kachinhenry (x1)
@kachinhenry(6/15) tipped @naythan (x1)
kachinhenry tipped uthantzin (x1)

You can now send $PIZZA tips in Discord via tip.cc!

0
0
0.000
avatar

မိမိလုပ်စရာရှိတာ လုပ်နေရမှာပဲလေ။အောင်မြင်တယ် ကျရှုံးတယ်ဆိုတာတော့ ကံတရား ဆိုတာလည်းရှိသေးတာကိုး...!PIZZA

0
0
0.000
avatar

ဟုတ်တာပေါ့... အကောင်းဆုံးဖြစ်အောင်ကြိုးစားကြတာပေါ့ !PIZZA

0
0
0.000
avatar

ကျနော်တို့အားလုံး အောင်မြင်တော့လည်း အတူတူ ကျရှုံးတော့လည်း အတူတူ ဖြစ်လာသမျှကိုဘာပဲဖြစ်ဖြစ်လက်ခံနေမှာပါ။ !LUV !PIZZA

0
0
0.000
avatar

သူများတွေကျသွားသော်လည်း ဟိုက်ကလေးက တောင့်ခံနေသေးတာကိုက ချစ်စရာ။ ဘာပဲဖြစ်လာဖြစ်လာ ယုံကြည်ချက်နဲ့ ရှေ့ဆက်နေမည်သာ။ !PIZZA

0
0
0.000
avatar

အကောင်းဆုံးဖြစ်အောင်ကြိုးစားကြတာပေါ့ !PIZZA

0
0
0.000
avatar

steemit က အကို့ facebook ကစာကြောင့် သိပြီး ရောက်လာခဲ့တာ။အဲ့ဒီ့တုန်းက ညီမလည်း online crypto လုပ်ငန်းတွေ ဘာမှ မလုပ်တတ်တော့ စာရေးတာလေးတော့ လုပ်နိုင်မှာပဲ ဆိုပြီး ဝင်လာခဲ့တာ။ခုထိ အကို့ကို ကျေးဇူးတင်တယ် steemit ကို စမိတ်ဆက်ပေးခဲ့တာ အခု hive ပေါ့။

!PIZZA

0
0
0.000
avatar

ဘာပဲဖြစ်ဖြစ် @myothuzar တို့ ရှိသေးတော့ အစ်ကိုတို့လည်း အားရှိတာပေါ့...!PIZZA

0
0
0.000
avatar

Congratulations @kachinhenry! You have completed the following achievement on the Hive blockchain and have been rewarded with new badge(s):

You have been a buzzy bee and published a post every day of the week.

You can view your badges on your board and compare yourself to others in the Ranking
If you no longer want to receive notifications, reply to this comment with the word STOP

Check out the last post from @hivebuzz:

Hive Power Up Month - Feedback from day 15
Hive Power Up Month - Feedback from day 10
0
0
0.000
avatar

Hive မှာက Community များရဲ့ အပြင်နဲ့ ဆက်ဆက်ပြီးလုပ်ဆောင်ချက်တွေက အားရစရာပါ
အခုတော့ ဂိမ်းလေးဆော့လိုက် စာလေးရေးလိုက်နဲ့
ယုံကြည်ရာအတွက် hive မှာပဲ ဆက်လက်အကောင်အထည်ဖော်နေပါတယ်အကို
!PIZZA
!LUV
!LOLZ

0
0
0.000
avatar

အရေးတော်ပုံ ပြီးရင် BE ဆိုင်မှာ တွေ့ရအောင်...😁😁 !PIZZA. !LOL

0
0
0.000
avatar

ဂိမ်းလေးဆော့လိုက် စာလေးရေးလိုက်နဲ့ ယုံကြည်ရာကိုလျောက်နေပါတယ်။
လောလောဆယ်တော့ Hive စျေးလေးက အသက်ရှူချောင်စေပါတယ်။
လိုအပ်တာလေးတွေ အနည်းငယ်​ဖြည့်ဆည်းနိုင်ခဲ့တယ်။
စျေးကျတာကို မှီထားတော့ မဖြုံတော့ပါဘူး။ အကယ်၍ 0.01 ဆိုလျှင်
တောင် ကုတ်ကပ်နေဦးမှာပါ။ လုပ်နိုင်တာဆိုလို့လည်း ဒါပဲရှိတာကိုး 😁

!PIZZA

!LOL

0
0
0.000