လူဝင်စားကျွန်တော်

avatar

အားလုံးပဲ မင်္ဂလာပါ။

ဗုဒ္ဓဘာသာမှာတော့ လူဝင်စားဆိုတာကို ယုံကြည်မှုရှိကြပါသည်။ နိဗ္ဗာန် မရောက်မချင်း သံသရာ မှာ လူအဖြစ် နတ်အဖြစ် ဒါမှမဟုတ် တခြား ဘုံဘဝမသားအနေနဲ့ ကျင်လည်နေဦးမည်ဖြစ်သည်။

လူဝင်စားဆိုတာ တစ်စုံတစ်ယောက်သေးဆုံးပြီး အခြား ဘုံဘဝသို့ မသွားပဲ ဒါမှမဟုတ် မရောက်ပဲ လူဘဝမှာ ပြန်လည် သန္ဓေတည်ဝင်စားခြင်းလို့ နားလည်မိပါသည်။ အများအားဖြင့် လူအဖြစ် သန္ဓေတည်မွေးဖွားပြီဆိုပါက အတိတ်က အကြောင်းအရာတွေကို မမှတ်မိတော့ပါ။ဒါပေမယ့် တစ်ချို့လူဝင်စားတွေကတော့ သူတို့ရဲ့ အတိတ်ဘဝကို ပြန်အမှတ်ရ ပြောဆိုနိုင်ကြတယ်လို့ ရေးသားထားတာတွေကိုတော့ ဖတ်ဖူးပါသည်။

ကျွန်တော့်အမဝမ်းကွဲ တစ်ယောက်က သူ့ကိုသူ လူဝင်စားသည်ဟုဆိုသည်။ သူ့အဖေဘက်က အဖွားပြန်ဝင်စားသည်ဟုဆိုသည်။ ကျွန်တော်မယုံသေးတာနဲ့ အဲလို ဝင်စားတာကို ဘယ်လိုလုပ်သိလဲ ဟု မေးမိသည်။ သူပြောပြတာကတော့ သူ့အဖေဘက်အဖွား မဆုံးခင်မှာ ရောဂါနဲ့ အိပ်ယာကနေမထနိုင်တာ လ အတော်ကြာသောကြောင့် ကိုယ်တစ်ခြမ်းလုံး အိပ်ယာနာ ဖြစ်ခဲ့ကြောင်း၊ မသေခင် သူ့သမီးကို စိတ်အားတင်းပြီး စောင့်နေတာဖြစ်ပြီး၊ နောက်ဆုံး ဂျစ်ကားဆိုက်သံကြားမှ ဘေးကသူတွေက သမီးလာပြီ သမီးလာပြီလို့ ပြောမှ 'အေးငါ ့အလာကို စောင့်နေတာ' လို့ပြောပြီးမှ စိတ်လျော့ အသက်ထွက်သွားခဲ့ကြောင်း ပြောပြသည်။ အမဝမ်းကွဲ မွေးလာတော့ သူ့ကိုယ်ဘေးမှာ အတိတ်ဘဝက အိပ်ယာနာထားတာကြောင့် ကိုယ်တစ်ခြမ်းလုံး အမှတ်တွေပါလာတယ်လို့ဆိုပါတယ်။ ငယ်စဥ်အခါ နေပုံထိုင်ပုံ လက်ညိုးထိုးပြောပုံတွေက အဖေဘက်က အဖွားနဲ့ တစ်ပုံစံထဲ ဖြစ်ကြောင်း ပြောပြပါတော့ ကျွန်တော် သူပြောတဲ့ သူလူဝင်စားတယ်ဆိုတာကို လက်ခံလာမိသည်။ ကျွန်တော်လဲ မွေးတည်းက ခါးမှာ အမှတ်ပါလာတော့၊ ဒါဆိုကျွန်တော်လဲ လူဝင်စား တစ်ယောက် ပဲလား။

ကျွန်တော်မွေးစဉ်ကတည်းက ခါးတစ်ဘက်မှာ အမှတ်ပါခဲ့ပေမယ့်၊ ကျွန်တော့်အမဝမ်းကွဲလိုတော့ တစ်စုံတစ်ယောက်လို ပြုမူ ပြောဆိုနေတာမျိုးတော့ မရှိပါ။ ဒါပေမယ့် ငယ်စဉ်အခါတုန်းက ကျွန်တော် လူအရမ်းကြောက်တတ်တတ်တာတော့့ရှိသည် လူစုလူဝေး လူအများရှိတဲ့နေရာကို မသွားလိုပါ။ ငယ်စဉ်အခါ မူကြိုသွားရတာကို အခြားကလေးတွေလို မပျော်ပါ။ အတိတ်က ဒါဏ်ရာတွေရှိခဲ့လို့လား?

သေချာတာဖို့များတာကတော့ လူဝင်စားတွေဟာ စွဲလန်းမှု တစ်ခုကြောင့် အခြားဘုံဘဝသို့ သွားနိုင်ရက်နဲ့ မသွားပဲ လူဘဝ ပြန်လာကြသူများဟု ထင်သည်။ ဒါဆို သူတို့ရဲ့ စွဲလန်းတာ၊ ဥပါဒါန်က ဘာဖြစ်မလဲ။ ဘာရည်ရွယ်ချက်နဲ့ ပြန်လာရတာလဲ။ အဲဒါတွေ ရှိခဲ့ရင်လဲ မမွေးဖွားခင်မှာ ဖြစ်တဲ့ပဍိသန္ဓေစိတ်ကြောင့် မေ့ခဲ့ရပြီဖြစ်သည်။ ပြီးတော့ ကျွန်တော့်ကို ဘယ်သူက ပြန်ဝင်စားတာလဲ ။ အမေကတော့ ကျွန်တော့်အဖိုးဆုံးတုန်းက အမဖက်က အဖွားဖြစ်သူကခါးမှာ ဆေးနဲ့ တို့ပေးခဲ့တယ်လို့ ဆိုသည်။ သေချာအောင်ပြန်မေးဖို့ကလဲ အဖွားက မရှိတော့ပါ။ ကျွန်တော့်အဖိုးက ကျွန်တော်မမွေးခင် ၄နှစ်ကျော်ခန့်က ဆုံးပါးခဲ့သည်။ ကျွန်တော် ကျွန်တော့်အဖိုးပြန်ဝင်စားတာလား။ ဘယ်လို သက်သေပြမှာလဲ။ လက်ရှိမှာတော့ ကျွန်တော် ဒါတွေ မဖြေနိုင်သေးပါ။ တရားထိုင်ပြီး အတိတ်ဘဝကို ပြန်မြင်နိုင်ရင်တော့ ဘယ်သူဝင်စားတာလဲ ဘာရည်ရွယ်ချက်နဲ့ ပြန်လာတာလဲ ဆိုတာ သိရကောင်း သိရနိုင်မည် ထင်ပါသည်။ မိတ်ဆွေကော လူဝင်စားတာကို ယုံကြည်လား၊ တစ်ချို့သောလူတွေဟာ အတိတ်ဘဝကက သူတို့ရဲ့ မစ်ရှင်တွေ ကို လုပ်ဆောင်ဖို့ ဒီဘဝကို လာကြတာလား။ ကျွန်တော် မဖြေနိုင်သေးတဲ့ ပုစ္ဆာပါ။


source

အားလုံး ကျန်းမာချမ်းသာကြပါစေ။

@princekham
17th June 2022
Myanmar.



0
0
0.000
18 comments
avatar

ပေးတဲ့ဆုနဲ့ပြည့်ပါစေ🙏🙏

0
0
0.000
avatar

ကျနော်က အချစ်ဝင်စားပါ
ဟီးဟီး
!PIZZA

0
0
0.000
avatar

အချစ်အတွက် နဲ့ လူ့ပြည်ရောက်လာတာပေါ့
😁!PIZZA !MEME

0
0
0.000
avatar
(Edited)

PIZZA! PIZZA! PIZZA! PIZZA!

PIZZA Holders sent $PIZZA tips in this post's comments:
donjaun tipped princekham (x1)
kachinhenry tipped princekham (x1)
princekham tipped donjaun (x1)
@princekham(4/5) tipped @kachinhenry (x1)

Learn more at https://hive.pizza.

0
0
0.000
avatar

ကိုယ့်ဘာသာယုံကြည်မှုနဲ့ဆိုရင်ဒါကမရှိဘူး...မယုံကြည်ပါဘူး....@princekham ပြောပြတာစိတ်ဝင်စားဖို့ကောင်းပါတယ်.....
!LUV
!PIZZA

0
0
0.000
avatar

စိတ်ဝင်စား စရာပဲ။ !PIZZA

0
0
0.000
avatar

ဟုတ်ကဲ့
Thank you!
!PIZZA

0
0
0.000