ကျွန်တော်နှင့် Coinbase account အတွေ့အကြုံ ...(အပိုင်း-၃)

avatar

Hive platform ပေါ်ရှိ ညီအစ်ကိုမောင်နှမများအားလုံး မင်္ဂလာအပေါင်းနဲ့ပြည့်စုံကြပါစေ...
ကျွန်တော်၏ မပြီးပြတ်သေးသော အတွေ့အကြုလေးအား ဆက်လက်မျှဝေ ပေးခဲ့ချင်ပါသည်။
လွန်ခဲ့သော တစ်လကျော်ကျော်လောက်က
Bitcoin စျေးတက်လာပြီး 50000$ အထိ ရောက်သောအခါ ပိုက်ဆံရှိနေသော Coinbase account အဟောင်းလေးအား လိုချင်သည့်စိတ် ပို၍ပင် ဖြစ်နေပါတော့သည်။ထိုသို့ဖြစ်နေရာမှ ၁၄.၅..၂၀၂၁ ရက်နေ့မှာ passport ရုံးမှာ passport ပြန်လုပ်ပေးနေပြီဖြစ်ကြောင်း Facebook ထဲမှာ တွေ့ပါတော့သည်။
ကျွန်တော့အဖို့ covid ကြောက်ပြီး နေခဲ့ လိုက် တာ ဒီတစ်ခါ​တော့ အားတင်းပြီး သွားလုပ်မည်ဟုဆုံးဖြတ်ခဲ့ပါသည်။
ရန်ကုန်တွင်လည်း ဗုံးပေါက်တာတွေ များလာသောအချိန်ဖြစ်၍ သတိထားသွားနေရသည့်အချိန်ဖြစ်သည်။
သို့သော်လည်း ၁၈.၅..၂၀၂၁ ရက်နေ့မှာတော့ ကျွန်တော် passport သွားလုပ်ဖြစ်ခဲ့ပါသည်။
အခြေအနေအရ လိုင်းကားမစီးရဲ၍ Taxi နဲ့ သွားရပါသည်။ရွှေပြည်သာ လှော်ကား မှ ရန်ကင်းpassport ရုံးအထိ အသွားအပြန် Taxi ခ(၂၅၀၀၀)ကျပ်ပေးရ၏။Passport လုပ်နေတဲ့အချိန် သူစောင့်ပေးပါသည်။

1569234608948.jpg

၁၈.၅. ၂၀၂၁ ရက်နေ့ နံနက် (၅)နာရီထ၍ နံနက်စာစား...ရေချိုးပြီး နံနက်(၆)နာရီထိုးတွင် Taxi ကားနှင့် စထွက်ခဲ့ပါသည်။passport ရုံး အနီးသို့ နံနက်(၆:၄၅)နာရီတွင်ရောက်ရှိခဲ့ပါသည်။
passport ရုံးရှေ့နားမတိုင်ခင်ကတည်းက လမ်းပိတ်ထားပြီး လုံခြုံရေးမှအပ မည်သူတစ်ဦးတစ်ယောက်မျှ အသွားအလာမရှိပါ။ သို့ဖြစ်ပါ၍
passport ရုံးဖွင့်သည်ဆိုသော်လည်း passport လုပ်ရန်အတွက် ရုံးသို့ပုံမှန်အတိုင်းဝင်သွားရတာမျိုးမဟုတ်ပဲ လမ်းကြား/လမ်းသွယ်လေးများမှ တန်းစီစနစ်ဖြင့် ရုံးသို့ ဝင်ရောက် လုပ်ဆောင်နေရခြင်းဖြစ်ပါသည်။
ထိုသို့ပြောရခြင်းမှာ ကျွန်တော် passport ရုံးမတိုင်ခင် လမ်းကြားလေးထဲအရောက် ကားပေါ်က ဆင်းလိုက်သည်နှင့် အရမ်းများသော တန်းစီနေသည့်လူတန်းကြီးကိုတွေ့လိုက်သောကြောင့် ဖြစ်ပါသည်။
ဘာဖြစ်လို့...ဘာအတွက် တန်းစီနေတာလဲ မေးလိုက်တဲ့အခါ passport လုပ်ရန် တန်းစီနေကြောင်း သိရသဖြင့် ကျွန်တော်ကိုယ်တိုင် ဝင်တန်းစီလိုက်ပါတော့သည်။ထိုသို့ တန်းစီနေသော်လည်း စတင် စပ်စုမေးမြန်းနေရပါတော့သည်။
လူက အရမ်းများပြီး နှစ်တန်းအပြိုင်တန်းစီထား၍ ဘာကြောင့်လဲ မေးမြန်းရပြန်သည်။ နှစ်တန်းဖြစ်နေရခြင်းမှာ  ၁၇.၅. ၂၀၂၁ ရက် မနေ့က passport ပြုလုပ်ရာတွင် မပြီးပြတ်သေးသောသူများရှိသဖြင့် ထိုသူများက တစ်တန်းစီ၍ ၁၈.၅. ၂၀၂၁ ရက် ယနေ့မှစလုပ်မည့်သူများမှ တစ်တန်းစီရခြင်းကြောင့် နှစ်တန်းဖြစ်နေခြင်းဖြစ်ပါသည်။
ထိုနှစ်တန်းတွင် လူဦးရေစုစုပေါင်း (၁၀၀၀)ခန့်ရှိပါမည်။တန်းစီနေသော လူတန်း၏အရှည်မှာ တစ်ဖာလုံခန့်ရှိမည်ထင်ပါသည်။
ထို(၁၀၀၀)ခန့်သောလူဦးရေသည် ကျွန်တော်တို့ တန်းစီနေသော လမ်းကြားတစ်ခုထဲအတွက်သာဖြစ်ပြီး အခြားတစ်လမ်းတွင်လည်း ကျွန်တော်တို့ တန်းစီနေသလို လူဦးရေ (၁၀၀၀)ခန့်ထပ်ရှိနေသေး၍ ထိုနေ့မနက်အတွက် လူ(၂၀၀၀)ခန့် Passport လုပ်ရန် တန်းစီနေခြင်းဖြစ်ပါသည်။
ထိုသို့ လူများရခြင်းမှာ passport ရုံး ပြန်ဖွင့်သည်မှာ နှစ်ရက်သုံးရက်ပဲရှိသေးတာက တစ်ကြောင်း...
Passport ရုံးဝန်ထမ်းအနည်းငယ်သာ အလုပ်ဆင်းသည့်အတွက် ဝန်ဆောင်မှု process နှေးကွေးနေခြင်း စသည်တို့ကြောင့် ဖြစ်သည်ဟု မြင်မိပါသည်။
passport လုပ်ရန်လာသော ကျွန်တော့အဖို့ တန်းစီနေရင်း စုံစမ်းရသလောက် စိတ်ညစ်နေရပါသည်။နံနက် (၉:၃၀)နာရီ မှဖွင့်မည့်ရုံးသို့ မိုးမလင်းမီ နံနက်အစော( ၄:၀၀) နာရီလောက်ကတည်းက လာရောက်တန်းစီနေခြင်းကြောင့် လူအရမ်းများပြီး ရယ်စရာလည်း ကောင်းနေပါတော့သည်။
ထိုသို့ တန်းစီရင်း နံနက် (၁၀:၃၀)နာရီ အချိန်ခန့်တွင် ရုံးအပေါက်ဝနားသို့ ရောက်လာ၍ အားတက်လာရပါသည်။နံနက်(၁၁:၀၀)နာရီခန့်တွင် ရုံးအပေါက်ဝစစ်ဆေးရေးဂိတ်မှ မှတ်ပုံတင်... အိမ်ထောင်စုဇယား စသည်ဖြင့်စစ်ဆေးခံပြီး ရုံးထဲသို့ဝင်ခဲ့ရလေသည်။
ဝင်လိုက်ပြီဆိုတာနဲ့ တစ်ကိုယ်လုံး scanစစ်ကိရိယာဖြင့် စစ်ပါတော့သည်။
မိမိနဲ့အတူပါလာသော အိတ်များ...ပါလာသောဖိုင်များမှအစ လေဆိပ်မှာ စစ်သလို စက်ထဲထည့်ပြီး စစ်ဆေးပြီး တစ်ဖက်မှပြန်ယူရပါသည်။
ထိုနေရာပြီးနောက် မှတ်ပုံတင်ပြပြီး eyes scan ထပ်စစ်ပါသည်။
ပြီးမှသာ ဖောင်ယူရမည့်နေရာတွင် ဖောင်စာရွက်ယူ၍ လိုအပ်သည်အချက်များဖြည့်ပြီး သက်တမ်းတိုးမည့် (လ.ဝ.က)ကောင်တာတွင် ဆက်လက်တန်းစီရပါတော့သည်။ထိုကောင်တာတွင်
(၁)မှတ်ပုံတင် မူရင်း +မိတ်တူ (၂)စုံ
(၂)အိမ်ထောင်စုဇယား မူရင်း+မိတ်တူ (၂)စုံ
(၃)Passport အဟောင်း မူရင်း+မိတ်တူ(၂)စုံ
စသည်ဖြင့်လိုအပ်သည်များ စစ်ဆေးပြီး လက်ပွေ scan ဖတ်ပါသည်။ထိုကောင်တာတွင် ငွေ (၃၀၀၀)ကျပ်ပေးသွင်းပြီး ဘဏ်ငွေသွင်းရန် ချလန်ရမည် ဖြစ်ပါသည်။
ထိုအဆင့်ဆောင်ရွက်ပြီးပါက ဘဏ်ငွေသွင်းရန်အတွက် ဆက်လက်တန်းစီရအုံးမည်ဖြစ်ပါသည်။အချိန်အားဖြင့်နေ့လည် ၁၂:၃၀နာရီရှိ သွားပြီဖြစ်၍ ဘဏ်သွင်းချိန် ၁၄:၀၀ နာရီအထိ မိမိအလှည့် မရောက်ပါက နောက်တစ်နေ့ ပြန်လာရန်သာရှိပါတော့သည်။
passport လုပ်တာ တစ်နေ့တည်းပြီးလား?...မပြီးဘူးလား?... ဆက်ပြီး အားပေးကြပါအုံး သူငယ်ချင်းတို့...
သူငယ်ချင်းများအားလုံး ကျန်းမာပျော်ရွှင်ပြီး အေးချမ်းသောနိုင်ငံ အမြန်ရရှိနိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်...
@uthantzin
9.6.2021(20:30)pm



0
0
0.000
7 comments
avatar

စစ်အာဏာရှင် စနစ် ဆုံးခန်းတိုင် ကျဆုံးပါစေ

0
0
0.000
avatar

ဟုတ်တယ်ဗျာ။အမြန်ဆုံး အေးအေးချမ်းချမ်း ပြတ်နေချင်ပါပြီဗျာ

Posted Using LeoFinance Beta

0
0
0.000
avatar

ဒီကာလမှာ အရေးတကြီး ဘာကြောင့် passport လုပ်ရတာလဲ။
Coinbase မှာ passport ရတော့ မြန်မာမှာ trade လို့ရပြီလား။
!PIZZA

0
0
0.000
avatar

ဟုတ်တယ်အစ်ကို ကိုယ့် account လေး ကြာသွားရင် lock ဖြစ်သွားမှာ ကြောက်တာ။စျေးတက်တဲ့ အချိန်တုန်းကဆို (၁၀)သိန်းလောက်ရမှာဆိုတော့ နည်းနည်းချင်းကြိုးစားရှာထားတာလေး ကိုယ်မသုံးရမှာကြောက်လို့ပါ။အခုတောင် ရောင်းလိုက်တာ (၇)သိန်းလောက်သုံးလိုက်ရပြီ။အဲဒီ Passport လေးလုပ်လိုက်တော့ သုံးလိုက်ရတာပေါ့။

Posted Using LeoFinance Beta

0
0
0.000
avatar

လွန်ခဲ့တဲ့ အနှစ် ၂၀ က ပန်းဆိုးတန်း passport ရုံးကိုတောင် ပြန်သတိရသွားတယ်။ ခေတ်တွေက ပိုကောင်း မလာပဲ နောက်ဆုတ် သွားနေပြီ။

0
0
0.000
avatar

ဟုတ်ပါ့အစ်ကို အဲဒီလို ခက်ခက်ခဲခဲ လုပ်လိုက်ရတယ်အစ်ကို။

Posted Using LeoFinance Beta

0
0
0.000