Farmers' Economic Crisis In Myanmar

avatar

Today, when I arrived in Farmyard, I saw sesame fields in full bloom.

img_0.09685834692333647.jpg

The sesame plants in the field are thin and the sesame plants are only a few feet tall.
This is because the sesame plants do not grow because they are thirsty.
Sesame plants do not grow as tall as they should. If the plant does not grow, it will not be able to produce many flowers and will not bear much fruit.
Farmers will not get much sesame seeds if sesame plants do not produce a lot of sesame seeds successfully.
If farmers do not get more sesame seeds, the economy will not prosper.

There has been a military coup in Burma, and the militant army is making useless laws.
Some goods imports are strictly regulated, as well as rice exports from the country.
As a result, the prices of imported goods have risen and the prices of domestic agricultural products have not been good.
As a result, people who work in agriculture suffer twice as much when they have to pay high prices for imported products without getting good prices for their agricultural products.
As a result, the people's economy is declining.
In addition, when the weather is bad, agricultural yields will decrease.
As a result, the economy of the Burmese people will continue to decline.

Tin Aung Soe

[Burmese]
ဒီနေ့ ယာတောဘက် ရောက်ဖြစ်တော့ ပန်းတွေ ပွင့်နေသော နှမ်းခင်းတွေကို တွေ့မြင်ရသည်။
ယာခင်းထဲမှာ နှမ်းပင် ပေါက်တာက ခပ်ကျဲကျဲ ဖြစ်သလို နှမ်းပင်တွေမှာ အရပ် တစ်ထွာသာသာဖြင့် အပွင့်ပွင့်နေကြသည်။
ဤသည်မှာ နှမ်းပင်တွေသည် မိုးရေငတ်နေကြသောကြောင့် အပင်မထွားကြခြင်း ဖြစ်သည်။
နှမ်းပင်တွေ ထိုက်သင့်သလောက် အရပ်မထွက်၊ အပင်မထွားလျှင် နှမ်းပွင့်တွေ များများ မပွင့်နိုင်ကြသလို အသီးလည်း များများသီးမည် မဟုတ်ပေ။
နှမ်းသီးတွေ အောင်အောင်မြင်မြင် များများ မသီးလျှင် တောင်သူတွေ နှမ်းစေ့များများ ရကြမည် မဟုတ်ပါ။
တောင်သူတွေ နှမ်းစေ့ များများ မရကြလျှင် စီးပွားရေးပြေလည်မည် မဟုတ်ပေ။

မြန်မာနိုင်ငံ၌ စစ်အာဏာသိမ်းမှု ဖြစ်ပွားခဲ့ပြီး အကြမ်းဖက်စစ်တပ်သည် အကျိုးမဲ့သော ဥပဒေများကို ချမှတ်နေသည်။
နိုင်ငံခြားမှ စားသောက်ကုန် တင်သွင်းမှုအချို့ကို စည်းကမ်းတင်းကြပ်သည် သာမက ပြည်တွင်းမှ နိုင်ငံခြားသို့ ဆန်တင်ပို့ရောင်းချမှုကိုလည်း ကန့်သတ်ထားသည်။
သို့ဖြစ်၍ နိုင်ငံခြားသွင်းကုန်များ ဈေးနှုန်းများ တက်သွားပြီး ပြည်တွင်းမှ လယ်ယာထွက်ကုန်များ ဈေးကောင်း မရကြပါ။
ထိုကြောင့် စိုက်ပျိုးရေးလုပ်ဆောင်ကြရသော ပြည်သူများအဖို့ လယ်ယာထွက်ကုန်များ ဈေးကောင်းမရဘဲ နိုင်ငံခြားသွင်းကုန်များ အမြင့်ဈေး ပေးဝယ်ကြရသောအခါ နှစ်ဆ နစ်နာကြရသည်။
သို့ဖြစ်၍ ပြည်သူများ၏ စီးပွားရေးမှာ ကျဆင်းလျက် ရှိကြသည်။
ဤသို့သာမက မိုးလေဝသ မမှန်ကန် မကောင်းမွန်သောအခါ လယ်ယာထွက်ကုန်များ အထွက်လျော့ကြမည်။
သို့ဖြစ်၍ မြန်မာပြည်သူများ၏ စီးပွားရေးမှာ ကျဆင်းသည်ထက်ကျဆင်းနေပါတော့မည်။

တင်အောင်စိုး



0
0
0.000
5 comments
avatar

Congratulations @tin.aung.soe! You have completed the following achievement on the Hive blockchain and have been rewarded with new badge(s) :

You have been a buzzy bee and published a post every day of the week

You can view your badges on your board and compare yourself to others in the Ranking
If you no longer want to receive notifications, reply to this comment with the word STOP

To support your work, I also upvoted your post!

0
0
0.000