My Action On Financial Situation of Grassroots In Myanmar

avatar

Due to the deteriorating political situation, large industries have been shut down.
As a result, many workers lost their jobs.
With so many middle-class workers unemployed, the family economy is in decline.

The economic situation of farmers is also declining due to bad weather, lower crop yields and poor prices of agricultural products.

In connection with the above, there is no improvement in my financial situation as I depend on the grassroots to make money.

Under these circumstances, the third wave of Covid is hitting Burma.
In 2020, the Covid-19 epidemic was brought under control with the unity of the government led by Daw Aung San Suu Kyi and Civilians.
In this year 2021, most of the health officers and workers have fled the military coup in defiance of the military.
Under the military dictatorship, there was a shortage of health staffs. Lack of funding for free treatment has made it harder for people .

Under such circumstances, I am also anxious.
There is not much capital to enter the crypto world and make money.
But to the best of my ability, I have to stay in this world.

That's why I bought USDT with MMK 50000 in my KPay account.

img_0.6100297577579941.jpg

After that, I have to transfer 29.85 USDT that came into the Binance P2P wallet into the Spot wallet to buy HIVE.

Are you upset after reading my post?
I'm sorry!

Tin Aung Soe

[Burmese]
နိုင်ငံရေး အခြေအနေ ဆိုးရွားနေမှုကြောင့် ကုန်ထုတ်လုပ်မှု လုပ်ငန်းကြီးများ ရပ်တန့်နေကြသည်။
သို့ဖြစ်၍ အလုပ်သမားပေါင်းများစွာ အလုပ်လက်မဲ့ ဖြစ်ကုန်ကြသည်။
လူလတ်ပိုင်းအလုပ်သမားများစွာ အလုပ်လက်မဲ့ ဖြစ်ကြသောအခါ မိသားစု စီးပွားရေး ကျဆင်းလာနေသည်။

ရာသီဥတု မမှန်သောကြောင့် သီးနှံ အထွက်နှုန်း ကျဆင်းမှု နှင့် လယ်ယာထွက်ကုန် ဈေးနှုန်း မကောင်းမှုတွေကြောင့် တောင်သူလယ်သမားတို့၏ စီးပွားရေး အခြေအနေမှာလည်း ကျဆင်းနေသည်။

အထက်ပါ အကြောင်းအရာတွေ နှင့် ဆက်စပ်လျက် အခြေခံလူတန်းစားများ အပေါ် မှီခို‌၍ ဝင်ငွေရှာနေရသော ကျွန်တော့် အတွက်လည်း စီးပွားရေး အခြေအနေ တိုးတတ်မှု မရှိပါ။

ဤသို့သော အခြေအနေများထဲတွင် Covid တတိယလှိုင်းသည် မြန်မာနိုင်ငံအတွင်း ရိုက်ခတ်လာနေပြီ ဖြစ်သည်။
၂၀၂၀ ခုနှစ်တုန်းကတော့ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော အစိုးရ နှင့် ပြည်သူများ၏ ညီညွတ်မှုဖြင့် Covid-19 ကပ်ရောဂါကို အတော်ကောင်းမွန်စွာ ထိန်းချုပ်နိုင်ခဲ့သည်။
ယခုနှစ်မှာတော့ စစ်အာဏာသိမ်းမှု ဖြစ်စဉ်ကြောင့် ကျန်းမာရေးပညာရှင် ဝန်ထမ်းအများစုမှာ စစ်အာဏာကို ဖီဆန်ကာ ထွက်ပြေးပုန်းရှောင်နေကြရသည်။
စစ်အာဏာရှင်၏ လက်အောက်တွင် ကျန်းမာရေးဝန်ထမ်း မလုံလောက်မှု၊ အခမဲ့ကုသပေးနိုင်ရန် ငွေကြေး မလုံလောက်မှုတို့ကြောင့် ပြည်သူများ အနေဖြင့် ရောဂါ ဖြစ်လာလျှင် ငွေကုန်ကြေးကျများကာ ဒုက္ခ ပိုမိုရောက်ကြရတော့သည်။

ဤသို့သော အခြေအနေများအောက်၌ ကျွန်တော် တစ်ယောက်လည်း သောကများနေရပါသည်။
Crypto လောကထဲ ခြေစုံပစ်ဝင်ကာ ဝင်ငွေရှာဖို့ ဆိုပြန်တော့ အရင်းအနှီး က များများ မရှိ ဖြစ်နေပါတယ်။
သို့ပေမယ့်လည်း ကျွန်တော် တတ်စွမ်းသလောက်တော့ ဤလောကမှာ ဆက်လက် ရပ်တည်နေရပါဦးမယ်။

ထို့ကြောင့်သာပဲ ကျွန်တော်၏ KPay account ထဲမှာ ရှိသော MMK 50000 ဖြင့် USDT ဝယ်ယူလိုက်ပါတယ်။
ထိုနောက်မှာတော့ Binance P2P wallet ထဲ ရောက်ရှိလာသော 29.85 USDT ကို Spot wallet ထဲ ပြောင်းလဲယူကာ HIVE ဝယ်ယူရပါဦးမယ်။

ကျွန်တော်၏ Post ကို ဖတ်ပြီး မိတ်ဆွေတို့ စိတ်များ ညစ်သွားပါသလား။
စိတ်မကောင်းပါဘူးဗျာ။

တင်အောင်စိုး



0
0
0.000
2 comments
avatar

အားတင်း ထားရမှာပါပဲ ကိုဟိန်းရေ
ရှေ့ခရီးက ဘာတွေဖြစ်မှန်းမသိ။

0
0
0.000
avatar

မသေချာမရေရာမှုတွေထဲ အိပ်မက်တစ်ခုနဲ့ ရှေ့ဆက်လျှောက်နေရတာပါပဲဗျာ

0
0
0.000