The Morning Sun in the Water Canal / Entry for the Reflection Hunters Contest

Hello friends.

Our Myanmar is a country where multi-ethnics and multi-religions coexist.
However, the majority of the population is Burma and Buddhist religions.
Most Buddhist Burmas live in the plains (mainland) and pagodas can be seen everywhere.

One day, I was traveling by motorbike early in the morning.
The road I traveled on was a canal.
As it is a farm road, there can be seen only trees, Paddy-fields and bushes on the left side of the canal road.
Some pagodas can be seen near the village.

So, I took a break and recorded the roadside scene with my phone camera.
Other landscapes can be seen in previous post.

img_0.13903172658417906.jpg

For today, there are two images with Reflection Shadow.
Reflection Shadow is an image seen in the water of the morning sun.

img_0.7538789271652264.jpg

Because I took pictures to the morning sun with my phone camera, you can see both light and dark in my photos.

So, friends, start the day with good things as you watch the morning sun.
Make your life as high as the rising sun.
At sunset, let them rest in peace.

Thank you for everything.

Tin Aung Soe

[Burmese]

မင်္ဂလာပါ မိတ်ဆွေတို့ရေ။

ကျွန်တော်တို့ မြန်မာနိုင်ငံသည် လူမျိုးပေါင်းစုံ၊ ဘာသာပေါင်းစုံ အတူယှဉ်တွဲ နေထိုင်ကြသော နိုင်ငံတစ်ခု ဖြစ်ပါသည်။
သို့သော် လူမျိုး အများစုမှာ ဗမာလူမျိုးများ ဖြစ်ကြပြီး ဗုဒ္ဓဘာသာ ထွန်းကားသော နိုင်ငံတစ်ခု ဖြစ်ပေသည်။
ဗုဒ္ဓဘာသာဗမာလူမျိုး အများစုသည် မြေပြန့်ဒေသ (ပြည်မ) မှာ နေထိုင်ကြပြီး ၎င်းအရပ်ဒေသတိုင်း၌ ဘုရားစေတီပုထိုးများကို တွေ့မြင်နိုင်ပါသည်။

တစ်နေ့က ကျွန်တော်သည် မနက်စောစော ဆိုင်ကယ်ဖြင့် ခရီးသွားခဲ့ပါသည်။
ကျွန်တော် ခရီးသွားခဲ့သော လမ်းမှာ တူးမြောင်းဘောင် ဖြစ်ပါသည်။
လယ်တောလမ်း ဖြစ်သောကြောင့် တူးမြောင်းဘောင်လမ်း၏ ဘေးဘက်ဝဲယာ၌ သစ်ပင်များ၊ စပါးခင်းများ ကိုသာ မြင်ရပါသည်။
ကျေးရွာ အနားနီးသော နေရာမှာ စေတီတော်အချို့ကို ဖူးမြော်ရပါသည်။

သို့ဖြစ်၍ ကျွန်တော်လည်း ခရီးတစ်ထောက် နားကာ လမ်းဘေးရှုခင်းကို ဖုန်းကင်မရာဖြင့် မှတ်တမ်းတင်ခဲ့ပါသည်။
အခြားသော သဘာဝရှုခင်းပုံများကို ယခင်ရက်တွေက Posts တွေမှာ တွေ့မြင်နိုင်ပါတယ်။

ယနေ့အတွက်ကတော့ Reflection Shadow ပါသော ပုံနှစ်ပုံ ဖြစ်ပါသည်။
Reflection Shadow သည် မနက်ခင်း နေ ၏ ရေထဲမှာ မြင်ရသော ပုံရိပ်ဖြစ်ပါသည်။

ကျွန်တော်သည် မနက်ခင်း နေ ကို ဖုန်းကင်မရာဖြင့် ချိန်ရွယ်၍ ဓာတ်ပုံရိုက်ခဲ့သောကြောင့် ကျွန်တော်၏ ဓာတ်ပုံများထဲ၌ အလင်း၊အမှောင် နှစ်မျိုးကို တွေ့မြင်ရမှာပါ။

ကဲ မိတ်ဆွေတို့လည်း နံနက်ခင်း၏ နေမင်းကို ရှုစားရင်း နေ့တစ်နေ့၏ အစကို ကောင်းခြင်းများဖြင့် အစပျိုးလိုက်ကြပါ။
မြင့်တက်လာသော နေမင်း ကဲ့သို့ မိတ်ဆွေတို့ ဘဝကို မြင့်မားအောင် ဆောင်ရွက်ကြပါ။
နေဝင်ချိန်မှာတော့ သာယာမှုဖြင့် ငြိမ်းအေးစွာ နားနေနိုင်ကြပါစေပေါ့။

အရာအားလုံး အတွက် ကျေးဇူးတင်ပါသည်။

တင်အောင်စိုး



0
0
0.000
22 comments
avatar

တူးမြောင်းနဲ့ နေမင်းအလှနဲ့ သာယာပါစေဗျာ

0
0
0.000
avatar

ဒီတစ်ခါတော့အရိပ်လည်းမရှာနိုင်သေးတာနဲ့ပိုစ့်မတင်ဖြစ်ပြီ....

0
0
0.000
avatar

တကူးတကတော့ မရှာဖြစ်ပါဘူး။ ကြုံသလို ချရတာပဲ။

0
0
0.000
avatar

ပုံတွေအားလုံးလှပါတယ်...

0
0
0.000
avatar

Gorgeous reflection photos! The sun on the water is so pretty!

0
0
0.000
avatar

Thank you. You can see the beauty because you have the beautiful heart.

0
0
0.000
avatar

how the things going there now my friend?

it is such a nice shot you have there

0
0
0.000
avatar

နံနက်ခင်း အလင်းရောင်လေး သာယာလှပါဘိ
!LUV

0
0
0.000