DrugwarS Game Token Update

avatar

မင်္ဂလာပါ...

ဒီနေ့တော့ ကျွန်တော်တို့ Myanmar Steemians တွေ
သွေးအေးသွားပြီ ဖြစ်တဲ့ DrugwarS game လေး အကြောင်း
Update သတင်းလေး ပြောပြပါရစေ...

DrugwarS game Map ကို ကြည့် တည်နေရာ သိမှ
တိုက်ခိုက်လို့ ရတဲ့ အနေအထား ဖြစ်သွားခဲ့လေတော့
ကျွန်တော်ကိုယ်တိုင်လည်း အရင်လို မကစား ဖြစ်တော့ပါဘူး။

ဒီနေ့ ပြောပြချင်တာကတော့ Game Reward Token
အကြောင်းပါ။


ယခင်က FUTURE ဆိုတဲ့ အမည်သင်္ကေတဖြင့် Obyte
မှာ Trade လို့ ရသလို Game site ထဲမှ Market ကနေ
Exchange သွားပြီး Withdrawal လုပ်ရင် STEEM
ရပါတယ်။
Screenshot_20190811_093644.jpg
ယခု အခါမှာတော့ FUTURE အစား DWD သင်္ကေတဖြင့်
Steem-engine မှာ Trade လို့ ရနေပါပြီ။
ယခင် ရထားတဲ့ FUTURE ပမာဏရဲ့ ဆယ်ဆလောက်
အရေအတွက် ကျသွားပေမယ့် ဈေးကတော့ ယခင်ကနှင့်
မကွာပါ။
DrugwarS game site Market ကနေ Exchange
မှာ သွားပြီး Withdraw လုပ်ရတာပါပဲ။
Steem-engine မှာဆိုတော့ ထုတ်ယူရတာ ပိုမို လွယ်ကူလာပါတယ်။


ဒါကတော့ ကျွန်တော် အစမ်း ထုတ်ကြည့်ပြီး Trade
ထားတာလေးပါ။ DWD 100 ကို 1.8592 STEEM
ရခဲ့ပါတယ်။
Screenshot_20190811_093052.jpg
မိတ်ဆွေတို့လည်း စမ်းကြည့်နိုင်အောင် သတင်းပါးလိုက်ရတာပါ။
မိတ်ဆွေအားလုံး ပြုံးပျော်နိုင်ကြပါစေ...

MSC 193
golden.future



0
0
0.000
1 comments
avatar

လုပ်ကြည့်လိုက်တယ် ☺

0
0
0.000