ဂိမ်းအသစ်လေး
avatar
3k88b69vxe.png
Image Source
Unicode
အခု road of rich ဆိုသော ဂိမ်းအသစ်လေးလည်း steemitမှာ ထပ်ပေါ်လာပြီ။ဒီဂိမ်းကလည်း တစ်နေ့အချိန် နည်းနည်းပဲပေးကစားပြီး ဆော့လို့ ရမည့်ပုံပေါ်တော့ ကစားဖို့ စိတ်ဝင်စားမိလေသည်။မြန်မာ ကစားသမားအချို့လည်း ဒီဂိမ်းကို ကစားနေကြပြီ။ကိုယ်လည်း ပြီးခဲ့တဲ့နှစ်ပတ်လောက်ကတည်းက ဒီဂိမ်းကို စိတ်ဝင်စားကာ ဖွင့်ကြည့်ပြီး စာရေးမယ်ဟု ဆုံးဖြတ်ခဲ့ပေမဲ့ နေမကောင်းဖြစ်နေတာကြောင့် ဂိမ်းလေးနဲ့ အဆက်ပြတ်သွားရသည်။
ဒီအပတ်မှာတော့ ဂိမ်းလေးကို ပြန်ဖွင့်ကြည့်မိသည်။အခုချိန်မှာတော့ ဂိမ်းကို ကောင်းကောင်း မဆော့တတ်သေး။ခလုတ်လေးများသာ ဟိုလျှောက်နှိပ်၊ဒီလျှောက်နှိပ်လုပ်ကာ ဂိမ်းလေးကို လေ့လာနေရသည်။လျှောက်နှိပ်ရင်း mercenary တစ်ကောင်တော့ ယူထားသည်။items များလည်း ပေးထားသော coin 5000 ထဲမှ အနည်းငယ်သုံးကာ ဝယ်ထားတာ items လေးမျိုးလောက်တော့ ရပြီဖြစ်သည်။ဟိုကလိ ဒီကလိလုပ်ပြီး ကိုယ့်နေရာကို daejeon သို့လည်း ရွေ့ထားလိုက်ပြီ။
ဖုန်းနဲ့ဆိုတော့ ခလုတ်တွေနှိပ်ရတာ ဂိမ်းဖွင့်ဆော့ရတာ သိပ်မလွယ်တော့ ခုချိန်မှာ ဒီဂိမ်းကို နည်းနည်းပဲလေ့လာရသေးသည်။နောက်မှ အခြားမြန်မာ ဂိမ်းဆော့သူများ၏စာများကို unicode to zawgyi converter သုံးကာ ဖတ်ရှူ့လေ့လာပြီး ထပ်မံသေချာ ဆော့ကြည့်ရမည်။ထို့ကြောင့် ဒီဂိမ်းအကြောင်းလေ့လာဖို့ အချိန်အနည်းငယ်ပေးရဦးမည်။လေ့လာပြီးလျှင်တော့ ဆော့ရတာပိုလွယ်လာမည်ထင်သည်။ဘာပဲဖြစ်ဖြစ် steemit က ဂိမ်းအသစ်တစ်ခုကိုတော့ ဆော့ကြည့်ဦးမည်။နောက်မှ အခြေအနေကြည့်ကာ ဒီဂိမ်းဆက်ဆော့့သင့် မဆော့သင့် ဆုံးဖြတ်ရမည်။ခုချိန်မှာ ရင်းနှီးဖို့တော့ စိတ်မပါသေး။ေ့ရှက ဂိမ်းတွေမှာ ရင်းနှီးပြီးပြန်ရတာတွေက ကြာတော့ ဂိမ်းတွေကိုရင်းနှီးပြီးဆော့ရတာ နည်းနည်းတော့ လက်တွန့်လာပါသည်။
Author-myothuzar,MSC-033
https://rorsteem.com/
0
0
0.000
3 comments
avatar
Hi @myothuzar, a free $trendotoken from the TULIP Mania Game!
Round 3 will start soon and full details will follow. Thanks for playing!
0
0
0.000