The Beauty Of Dote Hta Waddy River

avatar

Good morning all friends....
Have a great day!

Today, I share the Photos of Dote Hta Waddy River.
5loknq.jpg
မင်္ဂလာရှိကြပါစေဗျာ။

ဒီနေ့မှာဖြင့် ကျွန်တော်၏ မိတ်ဆွေ ကသက်ကြီး နှင့်
တောလည်တောင်တတ်ခဲ့ပြီး အပြန် ဒုဌဝတီမြစ် ထဲ
ရေဆင်းချိုးကြပြီး အမှတ်တရ ရိုက်ယူခဲ့တဲ့ သဘာဝ
ဒုဌဝတီမြစ်ပြင် အလှ နှင့် တောင်တန်းရှုခင်း ပုံလေးများ
တင်ပေးလိုက်ရပါတယ်။

ကျွန်တော်တို့ ရေဆင်းချိုးခဲ့ကြတဲ့ နေရာကတော့
သရက်ပင်ဆိပ် ဟု ခေါ်ပါတယ်။ ကျွန်တော်တို့ ရေချိုးခဲ့တဲ့
နေရာရဲ့ တစ်ဖက်ကမ်းမှာ သရက်ပင်ဆိပ်ရွာ တည်ရှိသော
ကြောင့် ဒီရေဆိပ် လှေဆိပ်ကို သရက်ပင်ဆိပ် ဟုပဲ
အလွယ် အမည်တပ်ထားကြတာ ထင်ပါတယ်။

ကျွန်တော်တို့ ‌ဒုဌဝတီမြစ် ထဲ ရေဆင်းချိုးကြတော့
သရက်ပင်ဆိပ် ရွာသားအချို့ ရှိကြပါတယ်။ ထိုသူတို့က
ခရီးသည် ကြိုပို့လုပ်ဖို့ စက်လှေ ဖြင့် စောင့်နေကြသူတွေပါ။

တစ်ဖက်ကမ်းက သရက်ပင်ဆိပ်ရွာကိုတော့ ရှင်းရှင်းလင်းလင်း
မမြင်ရပေမယ့် မြစ်ထဲရေချိုးနေကြတဲ့ လူသံတွေကိုတော့
ကြားနေခဲ့ရပါတယ်။
8ygwb2.jpg
ထိုအချိန်မှာပဲ စက်လှေသမားတို့ ထွက်ခွါသွားကြတာနဲ့
ကျွန်တော်လည်း အမှတ်တရဓာတ်ပုံ ရိုက်ယူခဲ့လိုက်တာပါပဲ။

ကဲ ဒုဌဝတီမြစ်ပြင် အလှကို ရှုစားကြပါဦးဗျာ။

@golden.future



0
0
0.000
4 comments
avatar

ဓာတ်ပုံတွေက လှချက် ကိုဟိန်း။

0
0
0.000
avatar

ကြိုးစားရိုက်ယုထားရတာကိုဗျ

0
0
0.000