ကျီးကန်းတောင်မှောက် ရှာကြံရ

avatar

ဒီနေ့မနက် ဖုန်းပွတ်နေတာ ကြာပြီ။ ငဗစ်သတင်းကလည်း
ရန်ကုန်ဟာ စိုးရိမ်ရေမှတ်ပါပဲ။ Positive case ကလည်း
စံချိန်တင်ခဲ့ပြန်ပြီ။ ဖေ့ဘုပ်ပေါ်က ကျန်းမာရေး နိုင်ငံရေး
မျက်စိဖွင့်ထားရတာလည်း အတော်ညောင်းနာနေပါပြီ။
ပို့စ်တင်ဖို့ အကြံအဖန် ထုတ်ရဦးမည်။ စာလေး ရေးလိုက်၊
Game လေး ဆော့လိုက်နဲ့ ဘဝက ထူးမခြားနား။

Hive ဘက် လှည့်လိုက်ပြန်တော့ ဈေးက အတော်လေး
ကျနေပြန်ရော။ ဈေးကျတုန်း ပို့စ်တင်ရတာက Reward
ကောင်းကောင်း မတက်သော်မှ HP တော့ ပိုရသလို
ထင်ရပါတယ်။ ဒါကြောင့် မဖြစ်မနေ ပို့စ်တင်ရပါမယ်။

img_0.10530687319377623.jpg

ဒီတော့ ဘာပို့စ်တင်ရမလဲ ကြံရပြန်ပြီပေါ့။
ထိုစဉ်မှာပဲ 🐦ကလေး တစ်ကောင် ဓာတ်ကြိုးပေါ်မှာ
နားနေတာ မြင်ရတော့ ပုံရိုင်တင်လိုက်ပြီဗျာ။
ကျီးငှက် ထင်ပါတယ်။ ကျွန်တော်တို့ကတော့ ကျီးကန်း
လို့ ခေါ်လေ့ရှိပါတယ်။
အဟဲ Hive မှာ ပို့စ်တင်ရဖို့က ကုန်ကြမ်းတွေ
ကျီးကန်းတောင်းမှောက် ရှာရတယ်ဗျို့။

@walarhein



0
0
0.000
4 comments
avatar

ကျီးကန်းတောင်းမှောက်ဘဝများပေါ့
ကြံရဖန်ရ အိုဘဝ

0
0
0.000
avatar

မျက်စိလျှင်ထား ဝင်ငွေများ

0
0
0.000
avatar

ရွှေကျီးကလေးတအာအာ...

0
0
0.000
avatar

ရွှေကျီးသာတော့ မောင့်ကိုစောင့်လို့နေ

0
0
0.000