မျှော်ရပါသော မိုးရယ်

avatar

မင်္ဂလာပါ

ဒီရက်ပိုင်း ကျွန်တော်တို့ မြန်မာနိုင်ငံ အလယ်ပိုင်း ဒေသမှာတော့
မိုး မျှော်နေရပါတယ်။
မိုးတိမ်တောင် တွေကလည်း မျှော်တော်ယောင် ဖြစ်အောင် ကျီစား
နေသလားပဲ။
တိမ်တောင် တိမ်လိပ်တွေက ဟိုသည် ပြေးလွှား ဆော့ကစားနေကြပြီး
မိုးရေစက်လေးတွေ ကြတော့ မသွန်းချကြသေးပါလား။
udby1r.jpg
ကျွန်တော် မိုး မျှော်တာက ပူလွန်းလို့ရယ်၊ တောင်သူတွေ ရေ ရစေချင်
လို့ရယ်ပါ။ တောင်သူတွေ ရေ ရမှ စိုက်ပျိုးရေး အဆင်ပြေမယ်
မဟုတ်ပါလား။

တောင်သူတွေကတော့ အကြီးအကျယ် မိုးမျှော်ကြရတာပေါ့။
နွေနှမ်း က ရေမဝလို့ ဟုတ်တိပတ်တိ မရကြသလို၊ ခု မိုး မြေပဲ
နှင့် စပါး ကြတော့လည်း မိုး ရေ ရမှကိုး။

တောင်သူတွေ စိုက်ပျိုးရေး ကောင်း၊ စီးပွားရေး ပြေလည်မှ
ကျွန်တော်တို့လည်း အသက်ရှူ ချောင်လည်ရတာပါ။

ဒါကြောင့်သာပဲ မိုးတိမ်တောင်တွေ ခဏခဏ မော့ကြည့်မိရင်း
မိုးကိုသာ မျှော်နေရပါတော့တယ်ဗျာ။



0
0
0.000
0 comments