တောင်သမန်အင်းနဲ့တင့်တဲ့ဟန်

avatar

ဟိုတစ်နေ့က မန္တလေးမြို့ သို့ မိတ်ဆွေတစ်ဦး နှင့် တွေ့ဆုံရန်
သွားရောက် ဖြစ်ခဲ့ပါတယ်။
မိတ်ဆွေ နှင့် တွေ့ဆုံပြီး အပြန် အမရပူရ ဦးပိန်တံတား မရောက်
ဖြစ်တာ ကြာခဲ့ပြီမို့ ဝင်ကြည့်ရန် စိတ်ကူးရခဲ့ပါတယ်။
ဒါနဲ့ မန်းလေး ရန်ကုန် အထွက်လမ်းကနေ အမရပူရ ဦးပိန်တံတား
ဘက် ချိုးခဲ့ပါတော့တယ်။
တောင်သမန်အင်း ရောက်တော့ ခါတိုင်း သွားရောက်နေကြ အမရပူရ
ဘက်ခြမ်းက မသွားတော့ဘဲ မသွားဘူးသေးတဲ့ ရတနာပုံတက္ကသိုလ်
ဘက်က သွားကြည့်ခဲ့ပါတယ်။
awf1my.jpg
ဒါကတော့ ရတနာပုံတက္ကသိုလ် မရောက်ခင် တောင်သမန်အင်းဘေးက
လမ်းပေါ်မှ အမရပူရဘက်သို့ လှမ်းမျှော် ဓာတ်ပုံရိုက်ယူခဲ့တာပါ။
npu0r5.jpg
တောင်သမန်အင်းကြီးက ရေတွေပြည့်ဝနေလေတော့ ဦးပိန်တံတား
မှ ပေါ်သေးရဲ့လား မသိ၊ ဒီနေရာကနေတော့ မမြင်ရပါ။
ဒါနဲ့ ရေပြင်ကြီးပဲ ဓာတ်ပုံ ရိုက်ပြီး ခရီးဆက်ခဲ့ပါတယ်။

@walarhein



0
0
0.000
2 comments
avatar

ရိုက်ချက်တွေက လှပြန်ပြီသကိုး

0
0
0.000
avatar

လှရမယ်လေဗျာ နေပူထဲ ကြိုးစားထားရတာ

0
0
0.000