အပျော်အပျက်

avatar

မနေ့က အပျော်တွေ များသွားသည်။ အပျက်ကြီး
မဖြစ်ခဲ့လို့ တော်တော့သည်။
မနက်ခင်း ကသစ် ဆီမှ ဖုန်း ဝင်လာတာနဲ့ ဘာရယ်
ညာရယ် မဟုတ်၊ တောတောင်တွေ ကို ဓာတ်ပုံ ရိုက်
သွားဖို့ ချိန်းဆို ဖြစ်ရာမှ မန်းလေး သို့ ရောက်ခဲ့သည်။

ထို့နောက် ကသက် နှင့်အတူ ကိုကိုမိုးဟိန်း နှင့် တွေ့ဆုံ
ရန် ထပ်မံ ချိန်းဖြစ်ခဲ့သည်။ ထိုမှ စ၍ သောက်တော့တာပဲ
ပြောရမည်။ မန်းလေးမြို့ထဲ လမ်းသုံးဆယ်ပေါ်က
အမြဲကောင်း စားသောက်ဆိုင် ထိုင်ကာ 🍺ဘီယာ
နှစ်ခွက်စီ ကစ်ဖြစ်ခဲ့သည်။

ထို့နောက်တဖန် ဆီဆာဆုပိုင်မင်း နှင့် ချိန်းဆိုကာ
တောထဲသို့ ထွက်ခဲ့ကြသည်။
ပထမ ၇ မိုင် ဝင်ဖို့ စိတ်ကူး ရှိခဲ့ကြသည်။ သို့သော်
ကပ်ရောဂါကာလ ဖြစ်၍ ပိတ်ထားသောကြောင့် မဝင်
ဖြစ်ကြပါ။ ဒါနဲ့ ဝှက်ကားသုံးဆင့် ရေတံခွန် ဘက်
ဆက်ချီခဲ့ကြသည်။ ထိုမှာလည်း ဝင်ခွင့်မရ၍ လှည့်ပြန်
ခဲ့ကြသည်။
ဤတွင် ဒေသခံ လမ်းဘေးဆိုင် ခဏ ဝင်ကာ သတင်းမေးရင်း
အုန်းချောရွာမှ ဝယ်လာခဲ့သော ဘီယာဗူးများ ဖေါက်
သောက်ကြသေးသည်။ ထိုမှ ဒီးဒုတ်ရေတံခွန် တတ်လို့ရသည် ဆိုသောကြောင့် ထိုတောင် ပေါ်တတ်ခဲ့ကြသည်။
ရေတံခွန် ငါးဆင့် သို့သာ ရောက်ဖြစ်ခဲ့သည်။ ဆယ်ဆင့်သို့
မရောက်ခဲ့ပါ။
ငါးထပ်ရေတံခွန် အနားရှိ စားသောက်ဆိုင်တွင် ထိုင်ကြကာ
ကြက်ဥမွှေကြော်၊ ကျောက်ပွင့်သုပ်များ မှာယူကာ
ပါလာသော ဘီယာဗူးများ ထပ်ဖောက် သောက်ခဲ့ကြသည်။
ထို့နောက်မှာမှ ရေထဲ ဆင်းကာ ရေချိုးခဲ့ကြသည်။
ညနေ ၄ နာရီခွဲ လောက်၌ တောထဲဆိုင်ရှင်တွေက ပြန်ကြရန်
တောင်းဆိုမှုကြောင့် ပြန်လစ်ခဲ့ကြရသည်။

ထိုနောက် ရေစိမ်ရတာ မဝသေး၍ ရေတံခွန်တောင်
အဝင်ဝ က ဆိုင်မှ ဘီယာဗူး ထပ်ဝယ်သောက်ကာ
ရေစိမ်ကြသေးသည်။ ဤတွင် အတူ ပါလာသော
ဆီဆာတို့ အတွဲက ပြန်နှင့်ကြသည်။ ကျွန်တော်နှင့် ကသက်
သာ ကျန်ခဲ့သည်။
ထိုနောက် ပြန်လာခဲ့ကြရာ လမ်း၌ ဒုဌဝတီမြစ် ထဲ ဆင်းကာ
ရေစိမ်ကြပါသေးသည်။ ဤတွင် မြစ်ကမ်းပါးမှ လမ်းပေါ်သို့
ပြန်အတတ် ဆိုင်ကယ် ချော်လဲခဲ့သည်။ ဘာမှ မဖြစ်ကြလို့
တော်သေးသည်။
အချိန်ကာ မှောင်ရီပျိုးနေပြီ။
ထိုနောက် ပြန်လာခဲ့ရာ အုန်းချော ကျောက်ချောရွာ အဝင်
တိုးဂိတ် ၌ ဆိုင်ကယ်လမ်း မှားကာ တိုးဂိတ်အတားကို
ဆိုင်ကယ်ဖြင့် ဝင်တိုက်ကာ ဖြတ်စီးခဲ့ကြသည်။
နည်းနည်းတော့ လူမိုက်ဆန်သွားသည်။ မတတ်နိုင်ပေ။
မှောင်ရီနေချိန် ဆိုင်ကယ်ဦးထုပ် မှန်ချထားသောကြောင့်
မမြင်ရ၍ ဖြစ်သည်။
ထိုနောက် အုန်းချောရွာထဲ ဝင်ကာ မိတ်ဆွေဟောင်း
ဆရာဝန် ဆီ ဝင်တွေ့ဖြစ်ခဲ့သည်။ ထိုဆရာမှ စားသောက်ဆိုင်
လိုက်ပို့ကာ ဝီစကီ တိုက်၍ သောက်ခဲ့ကြပြန်သည်။
တစ်နေကုန် သောက်တဲ့ ရက် ဖြစ်သွားတော့သည်။
ည မိုးချုပ်လှပြီ ဖြစ်၍ မန်းလေး ရောက်သောအခါ
ကသက် အိမ်မှာသာ ညအိပ်လိုက်ရသည်။
မနက်ကြတော့ ခေါင်း ကိုက် ‌အရက်နာကျ ဝေဒနာ
ခံစားရတော့သည်။ဪ အပျော်အပျက်က မကောင်းလှပေ။
သို့ဖြစ်၍ အရက်ဘီယာ သောက်တာ နားရန် စိတ်ကူး
လိုက်ရတော့သည်။
yuo4b8.jpg
ဒီပုံလေးက ဆီဆာတို့ အတွဲ ပြန်ကာနီး ရိုက်ယူထားလိုက်သော ပုံ
ဖြစ်သည်။

@golden.future



0
0
0.000
6 comments
avatar

အော် ဖြစ်ရလေ။ တော်သေးတာပေါ့ ထိခိုက်ဒဏ်ရာတွေမရလို့။
ခနလောက်တော့ ရေသောက်နားရဦးမည်ပေါ့။😁

0
0
0.000
avatar

ကဲမိရင် နောက်မဆုတ်ချင်တော့

0
0
0.000
avatar

တနေ့နေ့ ပေါ့ဗျာ.... အဲဒီလို နွဲချင်နေတာရယ်

0
0
0.000
avatar

မျှော်လင့်လျက်ပါ
တစ်နေ့တော့ တွေ့ဆုံဖြစ်ဦးမှာ အသေချာ

0
0
0.000
avatar

ခေါင်းကိုက်မပျောက်ခင်ထိ နားမယ်ဆိုပါတော့ 😁

0
0
0.000
avatar

ဟား ဟား ဟား အဲ့ထက်တော့ ကြာဦးမှာပါဗျာ

0
0
0.000