ကျွန်တော်နှင့် ဘွန်ဆိုင်းဝါးပင်ငယ် ဦးစိုးရယ်

မင်္ဂလာရှိကြပါစေ

တစ်နေ့တစ်နေ့ မိုးလင်းလာတာနဲ့ ဖုန်းလေး ဖွင့်ပြီး Online ပေါ်မှာ
မူးစု မတ်စု ငွေရှာနေတတ်တာ အကျင့် ဖြစ်နေပါပြီ။

ငယ်ငယ်က တောရိုးရာသီချင်း တစ်ပုဒ်ထဲမှာတော့
🎶မိုးမလင်းခင်က ပျိုးခင်းဝင်ကြ အဖော်အမွန်တွေ🎶
ယာထဲကိုင်းထဲ ဓားဆွဲလို့ ဓားလှံကို ကိုင် မမောနိုင်ရှာပေ🎶 ဆိုလား။

ခု ကိုယ့်မှာတော့ 🎶မိုးမလင်းခင်က ဖုန်းပွတ်ကာပ🎶 ပေါ့။
မိုးမလင်းခင် ကတည်းက ဖုန်းပွတ်ဆို မိုင်တဲက ညဒေတာ တွေ
ပေးထားလေတော့ သက်သာရာ သက်သာငြား ည၁၁ မနက် ၆ ကြား
ဖုန်း ထပွတ်ရတော့တာပါပဲ။

dmh59e.jpg

ဒီးဒုတ်ခရီး ပုံလေးတွေတော့ ကုန်သွားပြီမို့ အဲ့ဒီ အရင်က ရိုက်ယူခဲ့တဲ့
ပုံလေး တင်လိုက်ရပါတယ်။
ဒီ ဘွန်ဆိုင်း ဝါးပင်ငယ် အလှလေးက မိတ်ဆွေကြီး ဦးစိုးရဲ့
ဖုန်းဆိုင် မှန်ကောင်တာ အပေါ်မှာ တင်ထားတာ မြင်ရလို့ လှတာနဲ့
အမှတ်တရ ရိုက်ယူခဲ့တာပါ။

မိတ်ဆွေကြီး ဦးစိုး ဆိုလို့ ဟိုတစ်နေ့က သူ့ဆိုင် အဖောက်ခံလိုက်ရတယ်ဗျ။
တန်ဖိုးကြီး ဖုန်း အချို့ ပါသွားခဲ့ပြီး တန်ဖိုးအရ သိန်း နှစ်ဆယ်ဖိုးလောက်
ဆိုလား။ ဝမ်းနည်းစရာပဲဗျာ။ ခေတ်အခါက မကောင်းတာတော့
မဟုတ်ပါဘူး။ လူတွေကိုကပါ။

ကဲ မိတ်ဆွေကြီး ဦးစိုး ရဲ့ ဖုန်းတွေ ပြန်ရပါစေဟု ဆုတောင်းပေးရင်း ...

@golden.future



0
0
0.000
2 comments
avatar

ဟာ စိတ်မကောင်းလိုက်တာ
အမြန်ဆုံးဖမ်းမိပါစေဗျာ....🙏🙏🙏

0
0
0.000
avatar

စိတ်မကောင်းရုံက လွဲပြီးတော့လည်း

0
0
0.000