မျှော်ရပါသော မိုး

🎶တိမ်မဲ ညိုညိုဆိုင်း 🎶ဝဠာ ရှစ်ခွင်တိုင်း 🎵မှိုင်းလို့ မှုန်ဝေ
🎶မကြာခင်ပဲ ရောက်လာတော့မယ် 🎵ချစ်သူရင်ထဲ
🎶သမုဒယဝါဆို 🎵ဝါဆို ဝသန်မိုး သည်းနေချိန်🎵

ဟဲ ဝါဆို တော့ မဟုတ်တော့ပါဘူး။ ဝါခေါင် ကျော်လို့
တော်သလင်း တောင် ရောက်ခဲ့ပါပြီ။
Facebook မှာ မိုးလေဝသသတင်း တင်ပေးနေတဲ့
စုစုစံ ကတော့ ဒီနေ့ အညာဒေသ မိုးရေ များများ ရမယ်
ဆိုပါတယ်။ သူမ အခေါ် အညာက ပုဂံ ပတ်ဝန်းကျင်
မြေလတ်ဒေသ ကိုပေါ့။
ကိုယ်နေတဲ့ အရပ်က သူမ ပြောတဲ့ အညာရဲ့ အထက်မှာ
ခု ကိုယ့်ဒေသ မှာလည်း မိုးတိမ်လွှာတွေ မဲမှောင်မှုင်း
နေတာ မြင်ရတော့ မိုးရွာ မလား မျှော်လင့်ရတာပေါ့။

img_0.03350164305719623.jpg

ဒါနဲ့ပဲ ဝါဆိုမိုး သီချင်းလေး ကောက်ဆိုကာ ဒီပို့စ်လေး
စာစီရပါတော့တယ်။ ပို့စ် ကလည်း တစ်ရက် နှစ်ပို့စ်
တင်နေရပါတယ်။ တစ်ပို့စ်မှ ၁$ မပြည့်တော့ နှစ်ပို့စ်
တင်ရတော့တာပါပဲ။ ဪ လောဘ လောဘ...

လောဘ ကလည်း မထားလို့ မဖြစ်ပြန် လက်ရှိအနေအထား
က ရတာကို ရသလောက် ရှာကြံထားမှ ဖြစ်မှာကိုး။

🎶တိမ်မဲ ညိုညိုဆိုင်း 🎶ဝဠာ ရှစ်ခွင်တိုင်း 🎵မှိုင်းလို့ မှုန်ဝေ
🎶မကြာခင်ပဲ ရောက်လာတော့မယ် 🎵ချစ်သူရင်ထဲ
🎶သမုဒယဝါဆို 🎵ဝါဆို ဝသန်မိုး သည်းနေချိန်🎵

မိတ်ဆွေအားလုံး ပြုံးပျော်နိုင်ကြပါစေ။

@golden.future



0
0
0.000
8 comments
avatar

သမုဒယ တော်သလင်း မိုးပါ

0
0
0.000
avatar

တော်သလင်းမှာ လွမ်းနေရပြီကွယ်

0
0
0.000
avatar

တိုင်းရှစ်ခွင် မှိုင်းညို့ဆိုင်းကာ မှုံရီချယ်...

0
0
0.000
avatar

မိုးခြိမ်းသံ သဲ့သဲ့ကြားတယ် ဝါဆိုရယ်

0
0
0.000
avatar

မိုးခြိမ်းသံ သဲ့သဲ့ကြားတယ် ဝါဆိုရယ်

0
0
0.000
avatar

ခြိမ်းပြီး ဘယ်ပြေးမှန်း မသိ

0
0
0.000