စိန်ပန်းနီနီ ဝေဆာနေပြီ

avatar

မင်္ဂလာပါ မိတ်ဆွေတို့ရေ
မနေ့က စစ်ကိုင်းမြို့ သို့ တစ်ခေါက် ရောက်ဖြစ် ခဲ့ပါတယ်။
အသွားခရီး ကတော့ စစ်ကိုင်းတံတား (သို့) အင်းဝတံတား
ဟု ခေါ်ဆိုသော နှစ်တစ်ရာကျော် သက်တမ်းရှိ
တံတားကြီး‌ ပေါ်က ဖြတ်သွားခဲ့ပါတယ်။

ထိုအခါ တံတားကြီး အဆုံးနား စိန်ပန်းနီ ပင်ကြီးက
နီရဲဝေဆာနေအောင် ပွင့်နေလေတော့ ကျွန်တော်
တစ်ယောက် ဓာတ်ပုံ မရိုက်ယူရဘဲ မနေနိုင်တာမို့
စီးလက်စ ဆိုင်ကယ် ကို ခဏ ရပ်နားကာ ဆိုင်ကယ်
ပေါ်မှပဲ ဖုန်းလေး ထုတ်ကာ ဓာတ်ပုံ ရိုက်ယူ လိုက်ပါ
တော့တယ်။

စိန်ပန်းနီ ပင်ကြီး အပေါ်ပိုင်း ကနေ ရှုကြည့်ရတာ
ဆိုတော့ ပန်းမွှေ့ယာကဗ္ဗလာ ခင်းထားသည့်နယ်
လှနိုင်လွန်းပါတယ်ဗျာ။
8n4jqq.jpg
နောက်နားဆီ မှာ ဘုရားစေတီ တစ်ဆူ လည်း ပါလိုက်
လေတော့ ဓာတ်ပုံလေးက ဗျူးပနာလှ သွားတာပါပဲ။

ထို့နောက်တော့ ဆေးဆိုင် ဝင်ကာ ဆေးတွေ ဝယ်ပြီး
စစ်ကိုင်းရောက်ရင် မဖြစ်မနေ ဝင်လည်တတ်တဲ့
မိတ်ဆွေကြီး ဦးစိုး နှင့် လက်ဖက်ရည်ချို အတူ သောက်ကြ
ကာ လေပေါပြီးတော့ ရတနာပုံတံတား ဘက်ကနေ
ပြန်ခဲ့လိုက်ပါတယ်။

မိတ်ဆွေအများ အေးချမ်းသာယာကြပါစေသား။

@golden.future



0
0
0.000
2 comments
avatar

အနီရောင် စိန်ပန်းပွင့်တွေ ကြွေတဲ့အချိန်...😁

0
0
0.000
avatar

ပန်းဆိုနာ ခြွေမချလည်း ကြွေကညရတာပါပဲလေ

0
0
0.000