တောထဲတောင်ထဲရေထဲမှာကွယ်

avatar

မင်္ဂလာပါ
ကိုဟင် ပြောသလို ကျွန်တော်၏ မပြီးပြတ်သေးသော ဒီးဒုတ်ရေတံခွန်
တောက်တတ်ခရီးမှ အမှတ်တရ ပုံလေးတွေ တင်ပါဦးမယ်ဗျ။
s46lww.jpg
ဒီပုံက တစ်ကယ်တော့ မိတ်ဆွေကြီး ကသက်ကို ရိုက်ယူခဲ့တာ
မဟုတ်ပါဘူး။ ပြန်ခါနီး ရေတစ်ခါလောက် ထပ်စိမ်ဖို့ ကြံစည်နေချိန်
ရှုခင်းကောင်းတာလေး မြင်မိလို့ ဓာတ်ပုံ ရိုက်လိုက်ပါတယ်။
ပြီးမှ ကသက်ပုံကြီး ပါနေတာ သတိထားမိခဲ့ပါတယ်။
တစ်ကယ်ပါ ကသက်ကို ကြည့်မနေနဲ့နော် နောက်က တောင်စောက်ရှုခင်းကိုသာ
ကြည့်ကြပါဗျ။

ပြီးတော့ ကိုယ်တွေ ရေစိမ်မယ့် အင်းအိုင်ထဲက ဝါးကြမ်းခင်းတံတားလေး
ပေါ်မှာ ရေမဆော့ခင် ဗိုက်ဖြည့်နေကြသော လူငယ်တစ်စုကိုလည်း
မှတ်တမ်းတင် ဓာတ်ပုံ ရိုက်လိုက်မိပါတယ်။ သူတို့က အမရပူရမြို့က
လာလည်ကြတာတဲ့ဗျ။
wdg12z.jpg
ဒါပြီးတော့ ရေထဲ ဆင်းပါတော့တယ်။ အဲလယ် ရေထဲမှာ ငါးပေါက်
လေးတွေ အတော်ပေါမယ် ထင်တယ်ဗျ။ လူကို လာတွတ်နေကြတာ
ယားစိကလိ ရင်ထိတ်စရာပါပဲ။
ကျွန်တော်နှင့်ကသက်လည်း ခဏပဲ ရေစိမ်ကာ အပြန်ခရီးကို ထွက်ခွါ
လာခဲ့ကြပါတယ်။

@golden.future



0
0
0.000
8 comments
avatar

မကြောက်ပါနဲ့ မမြဝင်းရယ် ဗိုလ်အောင်ဒင် ဘောင်းဘီချွတ်တာ ရေချိုးမလို့ပါ

0
0
0.000
avatar

ဟဲ ဟဲ နည်းနည်းတော့ လန့်သွား မဟုတ်လား

0
0
0.000
avatar
(Edited)

ပျော်စရာကောင်းသဟေ့။
မြိ့ပြက မွန်းကြပ်တာ‌ေတွေ ချန်ထားခဲ့။

0
0
0.000
avatar

တခါတလေ ခုလို ထွက်ရတာ ‌ေကာင်းပါလေ့
ဦးထွေးနဲ့လည်း ဆုံချင်ပါ့ဗျာ

0
0
0.000
avatar

ရေစိမ်လိုက် ရေသောက်လိုက် ဟုတ်နေတာပဲ😁

0
0
0.000
avatar

ပျော်စရာတွေကူးစက်ပါ့ဗျာ

0
0
0.000