The Black Scorpion

avatar

မင်္ဂလာပါ
ဒီနေ့ ဟိုလိုလို ဒီလိုလို ဘာလိုလို နဲ့ ပို့စ်တင်ဖို့ စာရေးတာ
နောက်ကျနေတော့ ခါတိုင်းချိန်‌ထက် ပို့စ်တင် နောက်ကျ
သွားလို့ ဆောရီးပါဗျာ။

ဒီနေ့တော့ ဒီးဒုတ်သွားခဲ့တဲ့ ပုံလေးတွေ ခဏနားပြီး
လျှပ်တပြတ်ရိုက်ချက်ပုံတစ်ခု တင်ဦးမယ်ဗျ။
0cb6t1.jpg
ဒါကတော့ Black Scorpion ကင်းမြီးကောက်မဲပါ။
ကင်းမလက်မဲ လို့လည်း ခေါ်ကြပါတယ်။
ဒီကောင်က ကျွန်တော် ဖုန်းပွတ်ရင်း ထိုင်နေတဲ့ အနား
ဘယ်ချိန်က ရောက်နေတယ် မသိပါဘူး။
ကျွန်တော့် ခြေထောက် အနီးက အုတ်ခဲအောက်ဘေးမှာ
ကပ်နေတာပါ။ အိမ်ရှင် ဦးလေးက အသုံးပြုစရာ လိုတာနဲ့
အုတ်ခဲကို ကောက်ယူလိုက်တာနဲ့ မြင်ရတာပါပဲ။
တော်သေးတာပေါ့ဗျာ ဒီကောင် အပြင်ထွက်လာပြီး
မတွယ်ခဲ့လို့။

ကျွန်တော်က ကင်းသုံးကင်း ဘယ်ကင်းပြီးလဲ မသိပါဘူး။
ဘယ်ကင်းမှလည်း အကိုက်မခံရဖူးပါဘူး။ ကံကောင်းတယ်
လို့ ဆိုရမလားပဲ။
ကျွန်တော်ကလည်း သတ္တဝါတွေကို ရန်ရှာ သတ်ဖြတ်တတ်တဲ့
အကျင့် မရှိပါဘူး။ ဒါကြောင့်လည်း သတ္တဝါတွေက
ကျွန်တော့်ကို ရန်မမူကြတာ ထင်ပါရဲ့ဗျာ။

ကဲ ဘယ်လိုပင် ရှိစေတော့။ ရာသီကပူ မိုးလေးတစ်ပြိုက်
နှစ်ပြိုက်ဆို မြေအောင်းနေတဲ့ အကောင်တွေ ထွက်လာ
တတ်တယ်ဗျ။ မိတ်ဆွေတို့ သတိထားကြပါဗျာ။

@golden.future



0
0
0.000
4 comments
avatar

ဘာကင်းပြီးလဲ သိဘူး။
ကင်းဆို အကုန်ကြောက်တယ်😁

0
0
0.000
avatar

ဘာကင်းပြီပြီ ကိုက်ရင်းတော့ ကြောက်စရာပါ။

0
0
0.000