The Pagodas From Jungle : ကုက္ကိုတန်းကျောင်းဘုရားများ

မင်္ဂလာပါ
မိတ်ဆွေအားလုံး ကျန်းခန့်သာလို့ မာကြပါရဲ့လားဗျာ။

ဒီနေ့ စေတီဘုရား ပုံလေး တင်ပါရစေ။
ကုသိုလ် လည်းရ ဝမ်းလည်း ဝ ပေါ့။

img_0.9420345597232875.jpg

ဒီ စေတီဘုရားလေးများ ကို ကုက္ကိုတန်းဘုန်းကြီးကျောင်း
မှာ ဖူးမြော်နိုင်ပါတယ်။ ကုက္ကိုတန်း ဘုန်းကြီးကျောင်း
သည် တံတားဦး ငါန်းဇွန် လမ်းမဘေး၊ စကားတဲရွာ
အနီး၌ တည်ရှိပါသည်။ ရွာနှင့်က ကားလမ်းမ ခြားထားသည်
မက ရထားလမ်း လည်း ခြားထားသလို လမ်းလျှောက်သွား
ပါလျှင် ၁၅ မိနစ်လောက် လျှောက်လှမ်းရပါမည်။
သို့ဖြစ်၍ တောကျောင်း ဟုလည်း ခေါ်နိုင်ပါသည်။

ဤကျောင်းဝင်း အတွင်းသို့ သံဃာတော်အချို့ နာမကျန်း
ဖြစ်၍ ဆေးကုသမှုပေး သွားရောက်ခဲ့ဖူးပါတယ်။
ထိုစဉ်ကတော့ ပုံရိုက် မယူခဲ့ဖူးပါ။ နောက်များတွင်
ဤဘုရားကျောင်း ဘေး လမ်းမပေါ်မှာ နေ့များစွာ
ဖြတ်သွားနေခဲ့ဖူးသလို ဓာတ်ပုံ မှတ်တမ်း ယူဖို့လည်း
စိတ်ကူး ခဏခဏ ရခဲ့ပါသည်။ မနေ့က မနက်ခင်း
မှာတော့ ထိုစိတ်ကူး အကောင်အထည် ပေါ်ခဲ့ပါတယ်။

သို့ကြောင့် HIVE ပေါ်မှ မိတ်ဆွေများ ဖူးမြော် သဒ္ဒါပွား
ကြည်ညို ကုသိုလ် ယူနိုင်ကြစေရန် အလို့ငှာ ပုံ နှင့်တကွ
ပို့စ် တင်လိုက်ရပါတော့တယ်။

မိတ်ဆွေအများ ကျန်းမာ ချမ်းသာ ပျော်ရွှင်ကြပါစေသား။

@golden.future



0
0
0.000
6 comments
avatar

ကြည်ညိုသဒ္ဒါ ပွားရပါတယ်
သာဓု သာဓု သာဓု

0
0
0.000
avatar

ကုသိုလ်တူပွား ပျော်ကြပါစေသား

0
0
0.000
avatar

ဘုရားစေတီနဲ့ ကုန်းတန်းလေးနဲ့ ကြည်နူးစရာပါပဲလေ

0
0
0.000
avatar

တောသဘာဝက အေးချမ်းသာယာ

0
0
0.000