🦋လိပ်ပြာလေးတွေ ပျော်နေကြတယ်

avatar

မင်္ဂလာပါ

မနေ့က တောလမ်း တစ်လျှောက် ဆိုင်ကယ် ဖြတ်မောင်းရင်း
လမ်းဘေး ဝဲယာ ကို ကြည့်ဖြစ်ခဲ့ပါတယ်။
လမ်းဘေး ဝဲယာ မှာ 🦋လိပ်ပြာလေးတွေ၊ ပုစဉ်းလေးတွေ
ပျံဝဲနေကြတာ မြင်ရတော့ ဓာတ်ပုံ ရိုက်ယူလို့
ရမလားလို့ပါ။

🌲သစ်ပင် ခြုံနွယ်တွေ အပေါ်မှာ လိပ်ပြာလေးတွေ၊
ပုစဉ်းလေးတွေ နားနေကြတာ မြင်ရရင် ဆိုင်ကယ်
ရပ်နားပြီး ဓာတ်ဖမ်းဖို့ ကြံခဲ့ပါတယ်။

img_0.22865830175795995.jpg

တော်တော်တော့ မလွယ်လှပါဘူး။ ကိုယ်တော်ချော
လိပ်ပြာလေးတွေက သူတို့ကို ဖမ်းမှာ၊ အန္တရာယ် ပြုမှာ
စိုးလို့လား မသိ၊ ပျံ ပျံပြေးကြတော့ အနီးကပ်
ရိုက်ယူရဖို့ ခက်လှပါတယ်။

လိပ်ပြာလေးတွေ အဖြူ၊ အဝါ ၊ နီညို များစွာကို
လမ်းတစ်လျှောက် ‌အတော် တွေ့မြင်ခဲ့ရပါတယ်။
မိုးအေးနေလို့များ သူတို့လေးတွေ ဝတ်ရည်ရှာ
အထွက်ကောင်း နေကြလား မသိပါ။

img_0.7662502616166089.jpg

ခက်ခဲပေမယ့်လည်း အချို့တလေ ရအောင်တော့
ဓာတ်ဖမ်း နိုင်ခဲ့ပါတယ်။ လိပ်ပြာလေးတွေ ဆိုတာ
ဝိဉာဉ်ကောင်လေးတွေ ဆိုကြတာ ဟုတ်လားဗျ။
ဘာပဲဖြစ်ဖြစ် လိပ်ပြာလေးတွေက အရောင်အသွေး
စုံကြလေတော့ ချစ်စရာ ကောင်းလှပါတယ်လေ။

လိပ်ပြာလေးတွေ လို ပျံဝဲ ပျော်ပါးနေကြရရင်
ကောင်းလိုက်မလားဗျာ။

@walarhein



0
0
0.000
2 comments
avatar

ဓာတ်ဖမ်းလို့ ခက်တဲ့ထဲမှာ လိပ်ပြာလေးတွေ ပါတယ်ဗျ။

0
0
0.000
avatar

ဟုတ်ပါ့နော်
ပျံဝဲနေတော့တာပဲ

0
0
0.000