ရွှေမန်းဆီသို့ တိမ်တွေစီး ခရီးနှင်

avatar

တိမ်တွေနဲ့ ပုံလေးတွေ ဆက်တင်ပါဦးမယ်။
ဒီပုံလေးကတော့ မန္တလေးမြို့ သို့ အမြန်လမ်းကနေ သွားခဲ့တုန်းက
ရိုက်ယူခဲ့တဲ့ ဓာတ်ပုံလေးပါ။
ha012b.jpg
နေ့ခင်းပိုင်းမှာ နေသာတိမ်တောက်နေတာကို မြင်ရတော့ ဓာတ်ပုံ
မရိုက်ဘဲ မနေနိုင်ဘူးလေ။
ဟော ပြောပြန်ပြီ နေသာတိမ်တောက် တဲ့။ နေသာတယ် လည်း ဆိုသေး၊
တိမ်တွေက တောက်နေပြန်လားပေါ့။
ဟုတ်ပါတယ်။ နေသာတာက ကျွန်တော့် အပေါ်မှာ တိမ်တွေက
ကျွန်တော့် မြင်ကွင်းမှာလေ။
ရှေ့တူရူမှာ တိမ်တွေ ထူနေပေမယ့် ကျွန်တော့် အပေါ်မှာ နေသာနေတော့
တိမ်တွေက ဖြူဖွေးတောက်ပြန်နေတာပေါ့ဗျာ။

ထိုအချိန်မှာ ဆိုင်ကယ်စီး ခရီးနှင် နေပေမယ့် ရွေ့လျားနေတဲ့ တိမ်တွေကို
ရှုငေးရင်း ဖြတ်သန်းမိတော့ တိမ်တွေကို စီးနေရသလို ဈာန်ဝင်မိတာပါပဲ။
ဆိုင်ကယ် စီးနေတော့ လေကလေးက တဖြူးဖြူးနဲ့ဆိုတော့ ပိုပြီး
ငြိမ့်ညောင်းသာယမိတယ်လေ။

ဒါကြောင့်သာပဲ ဒီပို့စ်ကို တိမ်တွေစီး ခရီးနှင် ဟုပဲ တင်စားလိုက်ရပါတော့
တယ်ဗျာ။

@walarhein



0
0
0.000
2 comments
avatar

အို ဘာတဲ့ လှလိုက်တဲ့ဓာတ်ဖမ်းချက်။

0
0
0.000
avatar

ကျေးဇူးပါပဲဗျာ

0
0
0.000