The Beauty Of DoteHtaWaddy River

avatar

ဒီနေ့ ဒုဌဝတီမြစ်ပြင် ကို ရှုမျော်ကြည့်ပြီး အေးချမ်းငြိမ်ဆိတ်တဲ့
အရသာကို ခံစားကာ ဒီပုံလေးတွေ တင်လိုက်ရတာပါ။

ဒီပုံထဲက ဒုဌဝတီမြစ်ပြင် ကတော့ မန္တလေး နှင့် တံတားဦး ကြား
အမြန်လမ်း တံတားပေါ်က ရိုက်ယူထားတာပါ။
v4aegq.jpg
ဒီဒုဌဝတီတံတား ပေါ်ကိုတော့ ခဏခဏ ဖြတ်သွားနေကြပါပဲ။
ပုံထဲမှာ ဖွေးဖွေးရေးရေးလေး မြင်နေရတဲ့ ထုံးစေတီလေး ကတော့
ချင်းရွာလေးက ဘုရား ထင်ပါတယ်။
မြစ်ဘေးနားက ရွာကလေး ဆိုတော့ အတော်သာယာမှာပါ။
ဒုဌဝတီ က အတော် အေးချမ်းတဲ့ ရေတွေ စီးဆင်းနေတဲ့ မြစ် ဖြစ်တာကိုး။
ဒါအပြင် ရေကြည်ပြာလေးတွေ ပဲ စီးဆင်းတတ်တာပါ။
ဘာကြောင့်လဲ ဆိုတော့ကာ တောင်ကျ‌မြစ် ဖြစ်သည့်အပြင် တောင်တွေကလည်း
ကျောက်တောင် အများစု ရှိရာက စီးဆင်းရလို့ပါပဲ။
ဒီတော့ ရေစီးလည်း သန်တာပေါ့ဗျာ။
lrj393.jpg
ကျွန်တော်က ဒုဌဝတီမြစ် ရေကို မတူကွဲပြားတဲ့ နေရာ ဆိပ်ကမ်း
လေးခုလောက်က ရေချိုးရေစိမ်ဖူးသူပါ။ အေးမြတဲ့ ရေရဲ့ အရသာကို
ခံစားရင်း ဒုဌဝတီကို ချစ်မြတ်နိုးလာပါတယ်။

လု မြစ်ကို အသုံးချ စီးပွားရှာနေသူတွေလည်း ရှိကြပါတယ်။
သို့ဖြစ်၍ မြစ်ကို သဘာဝမပြတ် ထိန်းသိမ်းစောင့်ရှောက်ဖို့လည်း လိုပါမယ်။
အရေးကြုံရင်တော့ တစ်ဖက်တစ်လှမ်းက လက်လှမ်းရမှာပေါ့ဗျာ။

@walarhein



0
0
0.000
2 comments
avatar

ငြိမ့် ငြိမ့်လေးနဲ့ အေးအေးလေး။

0
0
0.000
avatar

လှေသွားစီးကြမယ်

0
0
0.000