အလစ်သုတ်တာဗျ။

avatar

img_0.7621092795142147.jpg

သင်္ကြန်ရောက်ချိန် နီးပြီးဆိုတော့ ဟဲလေးရဲ့

"သတိတော့ထားလေး လူလည်ကြီးပဲလေး"

ဆိုတဲ့ သီချင်းအတိုင်းဗျို့ အော်ပရေတာကတော့
ရိတ်ပြီလေ။ ဂျင်းတွေ ကြက်သွန်ဖြူတွေနဲ့
မသိမသာ ကနေ သိသိသာသာ ကလိမ်ကကျစ်
လုပ်သည်။

မိတ်ဆွေတို့၏ ဖုန်းများထံသို့လည်း မက်ဆေ့များ
ပို့မည်လားမသိ‌ပေ။ ဘာတဲ့

"သင်၏ Fantasy 5 တစ်နှစ်စာဝန်ဆောင်မှုမှ
အရစ်ကျ အပါတ်စဉ်ကြေး 599 ကျပ်(သို့)
နေ့စဉ်ကြေး 85.57 ကျပ် ကို နောင်
၂၄နာရီအတွင်းကောက်ခံသွားပါမည်။
ဝန်ဆောင်မှုကိုဆက်လက်ရယူရန်
လက်ကျန်ငွေကို ချန်ထားပေးပါ၊၊
ရပ်ဆိုင်းရန် OFF FL ဟု 75457 သို့
SMS ပေးပို့ပါ။"

အထက်ဖော်ပြပါ စာသားဖြင့် ပေးပို့လာသည်။
သူ့ အဲ့ ဖန်တက်စီ ဆိုတာကြီးကို ကျုပ်တို့က
ဘာလုပ်ရမတုန်း။ လုပ်လုပ် မလုပ်လုပ် သူ့ကို
အကြောင်းမပြန်ရင် တပတ် ငါးရာကိုးဆယ့်
ကိုးကျပ် နှင့် တစ်ရက်ကို ရှစ်ဆယ့်ခြောင်ကျပ်
နီးပါး ကိုယ့်ငွေထဲက ဖြတ်တောက်သွားပေမည်။

ဆိုတော့ဗျာ ကျုပ်လို ငပျင်းက မက်ဆေ့ဝင်လာ
သမျှ မဖတ်ပဲ ဒိုင်းခံဖျက်ပစ်သည်။ ဒီတော့
ဒင်းတို့ရဲ့ ဖန်တက်စီဆိုတာကြီး သဘောတူ
တယ်ဆိုပြီး တပတ် ငါးရာကိုးဆယ့်ကိုးကျပ် နှင့်
တစ်ရက်ကို ရှစ်ဆယ့်ခြောင်ကျပ် ငွေတွေဖြတ်ခံ
ရရင် ပြီးရော။ @nweoomon ကပြောဆို
သတိပေးလွန်းလို့သာ မက်ဆေ့များကို ဖတ်မိတော့သည်။

ဟော့ ဖတ်မိတော့ တန်းပြီး တွေ့တာပဲဗျို့။
ကျုပ်လို ငွေများများမထဲ့သူဆိုပါရင် ကိစ္စမရှိဟု
ထင်သည်။ သို့သော်လည်း ဒင်းတို့က ကိုယ်ငွေ
ဖြည့်တဲ့အချိန် အလစ်ဝင်ပြီးဖြတ်သွားရင်လည်း
ဒုက္ခပေါ့။ ဒါတောင် တရက် နှစ်ရက်စာ ပါသွားလား
မသိဘူး။ ဆိုတော့ဗျာ ဒါက အလစ်အငိုက်ဝင်ပြီး
အလစ်သုတ်တာဗျ။

သုံးစွဲသူကို မေးပါအုံးလား။ သုံးစွဲသူရဲ့
သဘောထားကို ယူပါအုံးလား။ ခုတော့
သူ့ဟာသူ စာပို့။ သူဟာသူ ငွေဖြတ်မယ်ဆိုတော့
အလစ်သုတ်တာပဲ။ ကျုပ်လို ငပျင်းက
အများသားရယ်။ ဘူမသိ ကိုးမသိနဲ့ ကိုယ့်ရဲ့
ဖုန်းငွေလေးတွေ ပါသွားကြရင်းဖြင့်ဗျာ။
ကတောက်စ်။

@htwegyi
10-3-2023



0
0
0.000
15 comments
avatar

သတိမထားမိရင်တော့ တစ်ယောက် 85ကျပ်၊
တစ်ရာ၊ တစ်ထောင် အမလေး သူတို့ခွင်ချည်း

0
0
0.000
avatar

အေးဟေ့ အလစ် အငိုက် အရ အမှီ ကို
ယူတာ။

0
0
0.000
avatar

Congratulations @htwegyi! You have completed the following achievement on the Hive blockchain And have been rewarded with New badge(s)

You distributed more than 19000 upvotes.
Your next target is to reach 20000 upvotes.

You can view your badges on your board and compare yourself to others in the Ranking
If you no longer want to receive notifications, reply to this comment with the word STOP

To support your work, I also upvoted your post!

Check out our last posts:

Keep Hive Buzzing - Support our proposal!
The Hive Gamification Proposal
Support the HiveBuzz project. Vote for our proposal!
0
0
0.000
avatar

အဲဒါဆိုရင် သူရို့ ဆီက ဘယ်လို ပြန်ခိုးရပါ့... စဉ်းစားကြည့်တာပါ။ !PIZZA

0
0
0.000
avatar

ဟုတ်သဗျို့ ဒင်းတို့ဆီ ခိုးဖို့တော့ မလွယ်ဘူး။

0
0
0.000
avatar

ဟုတ်ပါ့ဗျာ
ကိုယ် သေချာယူမထားပါဘဲ ဝန်ဆောင်မှုတွေ ရောက်နေတာ ခံပျင်းသဗျာ။
!LOL
!LUV

0
0
0.000
avatar
(Edited)

ဟုတ်တယ် မလိမ့်တပတ် နဲ့ လုပ်နေတာ။

0
0
0.000
avatar

We like the way you play the game! !PGM
Thanks for being a supporter of The LOLZ Project.

0
0
0.000
avatar

Sent 0.1 PGM - 0.1 LVL- 1 STARBITS - 0.05 DEC - 1 SBT - 0.1 THG - 0.000001 SQM - 0.1 BUDS tokens to @lolz.pgm

remaining commands 14

BUY AND STAKE THE PGM TO SEND A LOT OF TOKENS!

The tokens that the command sends are: 0.1 PGM-0.1 LVL-0.1 THGAMING-0.05 DEC-15 SBT-1 STARBITS-[0.00000001 BTC (SWAP.BTC) only if you have 2500 PGM in stake or more ]

5000 PGM IN STAKE = 2x rewards!

image.png
Discord image.png

Support the curation account @ pgm-curator with a delegation 10 HP - 50 HP - 100 HP - 500 HP - 1000 HP

Get potential votes from @ pgm-curator by paying in PGM, here is a guide

I'm a bot, if you want a hand ask @ zottone444


0
0
0.000